မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, August 3, 2016

မြန်မာ-ဗီယက်နမ် ပွဲစဉ်မှ ပရိသတ်၏လုပ်ရပ်ကြောင့် မြန်မာဘောလုံး အဖွဲ့ချုပ် အရေးယူ ခံရဖွယ်ရှိ




ဗီယက်နမ်နဲ့ ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ မြန်မာ ပရိသတ် တချို့က ကွင်းထဲကို အရာ ၀တ္ထု aတွနဲ့ ပစ်ပေါက် ခဲ့ပြီး နာရီဝက်ခန့် ပွဲရပ်နား ခဲ့ရလို့ အာဆီယံ ဘောလုံး အဖွဲ့ချုပ်က မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို အရေးယူ သွားဖို့ ရှိနေ ပါတယ်။

မြန်မာနဲ့ ဗီယက်နမ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ အကြို ဗိုလ်လုပွဲ ပွဲပြီး ခါနီးမှာ ဗီယက်နမ် အသင်းဘက်ကို ပင်နယ်တီ ပေးခဲ့တဲ့ တောင်ကိုရီးယား ကွင်းလယ် ဒိုင်လူကြီးကို မကျေနပ် တာကြောင့် မြန်မာ ပရိသတ် တချို့က ကွင်းထဲကို ပုလင်း၊ ရေသန့်ဘူးတွေနဲ့ ပစ်ပေါက် ခဲ့တဲ့အပြင် ထိုင်ခုံတွေ ကိုပါ ရိုက်ချိုးပြီး ကွင်းထဲကို ပစ်ပေါက် ခဲ့ကြတာပါ။

အချိန်ပို ဆက်လက်ကစားဖို့အတွက် နာရီဝတ်ခန့် ပွဲရပ်နားခဲ့ရပြီး ဘောလုံးအဖွဲ့ချုပ်ရဲ့ တွဲဘက်အတွင်းရေးမှူး ဦးတင်မြင့်အောင် အပါအ၀င် မြန်မာကစားသမားတွေနဲ့ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေရဲ့ အကြိမ်ကြိမ် မေတ္တာရပ်ခံမှုတွေကြောင့် ပြိုင်ပွဲပြီးဆုံးအောင် ကစားခဲ့ရတာပါ။

မြန်မာနဲ့ ဗီယက်နမ်ပွဲစဉ်ကို ပွဲကြီးကြပ်သူအဖြစ် မလေးရှားနိုင်ငံသူ မူစတာဖာက တာဝန်ယူ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲဖြစ်စဉ် အသေးစိတ်ကို အာဆီယံဘောလုံး အဖွဲ့ချုပ်ထံ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်

Originally published at - http://burmese.dvb.no/archives/161986

No comments:

Post a Comment