
ပရီးမီးယားလိဂ် ကလပ် အသင်းတွေဟာ ဘောလုံး သမား အပြောင်း အရွှေ့ ဈေးကွက် ဖွင့်တဲ့ ပထမ တလ အတွင်းမှာ ပေါင် ၄၇၅ သန်းအထိ သုံးစွဲ ခဲ့တယ်လို့ စီးပွားရေး အရ လေ့လာနေတဲ့ Deloitte က ပြောပါတယ်။
အခု သုံးစွဲတဲ့ နှုန်းထားကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပထမ ၁ လအတွင်း သုံးတဲ့ ပေါင် ၅၁၅ သန်းနဲ့ နှိုင်းယှဉ် ထားတာပါ။
၂၀၁၅ တနှစ်လုံးမှာတော့ အပြောင်းအရွှေ့အတွက် ပေါင်သန်း ၈၇၀ အထိ သုံးစွဲထားပါတယ်။
အခုစာရင်းဟာ အပြောင်းအရွှေ့ဖွင့်တဲ့ ဇူလိုင် ၁ ရက်ကနေ ဇူလိုင်လကုန်အတွင်းကို သတ်မှတ်ထားပါတယ်။
ဒါကြောင့် ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ပိတ်တဲ့ မတိုင်မီအထိ သုံးစွဲတဲ့ ငွေကြေးဟာ ပေါင် ၁ ဘီလီယံလောက်အထိ ရောက်လိမ့်မယ်ဆိုပြီး Deloitte က ခန့်မှန်းထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/161995

No comments:
Post a Comment