![]() |
အဲလက်ဆောင်း။ (ဓာတ်ပုံ - ရိုက်တာ) |
ဘာစီလိုနာ ကွင်းလယ် ကစား သမား အဲလက် ဆောင်းဟာ ရုရှား ကလပ် ရူဘင် ကာဇန်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိ သွားပါတယ်။
အသက် ၂၈ နှစ် အရွယ် ကွင်းလယ် ကစား သမားဟာ မူလက တနှစ် အငှားစာချုပ်နဲ့ သွားရောက်ဖို့ ဖြစ်ပေမယ့် နောက်ပိုင်းမှာ အမြဲတမ်း စာချုပ်နဲ့ ရုရှား ကလပ်က ခေါ်ယူ သွားတာပါ။
ကင်မရွန်း လက်ရွေးစင် ဆောင်းဟာ အာဆင်နယ် ကနေ ၂၀၁၂ မှာ ဘာစီလိုနာကို ရောက်ရှိ ခဲ့တာပါ။
သူဟာ ဘာကာ အတွက် ၆၅ ပွဲ ကစားပေး ထားပြီး ၁ ဂိုး သွင်းယူ ထားပါတယ်။
ဘာစီလိုနာက ပြီးခဲ့တဲ့ ရာသီမှာ ဆောင်းကို ပရီးမီးယားလိဂ် ကလပ် ၀က်စ်ဟမ်း အသင်းဆီ အငှားချ ထားခဲ့ပါတယ်။
ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/161862






No comments:
Post a Comment