မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, August 1, 2016

တူးလော့စ် တိုက်စစ်မှူး ဘန်ရက်ဒါအား ဆီဗီလာအသင်း ခေါ်ယူ




စပိန်ကလပ် ဆီဗီလာ အသင်းသည် တူးလော့စ် အသင်း၏ တိုက်စစ်မှူး ဟက်ဆန် ဘန်ရက်ဒါ အား ၅နှစ် စာချုပ်ဖြင့် ခေါ်ယူ လိုက်ပြီ ဖြစ်သည်။

ဆီဗီလာ အသင်းသည် အက်သလက် တီကို အသင်း တိုက်စစ်မှူး ဗီရက်တိုကို အငှားဖြင့် ခေါ်ယူ ခဲ့ပြီး ဘန်ရက်ဒါကို ထပ်မံ ခေါ်ယူ လိုက်ခြင်းဖြင့် အသင်း၏ တိုက်စစ်ကို ပိုမို အသက်ဝင် စေတော့မည် ဖြစ်သည်။

ဘန်ရက်ဒါ အနေဖြင့် လာမည့် တနင်္ဂနွေနေ့၌ ဆေးစစ်မှု ခံယူမည်ဖြစ်ပြီး သြဂုတ်လ ဒုတိယပတ်အတွင်း စာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်ကစားသမားမှာ ပြီးခဲ့သည့် ရာသီက လီဂူးပွဲစဉ် ၃၅ ပွဲတွင် ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး တူးလော့စ်အသင်း၏ အဓိက တိုက်စစ် ကစား သမားအဖြစ် နေရာရ ခဲ့သူဖြစ်သည်။

ဆီဗီလာအသင်းသည် ရက်ဒါ အားခေါ်ယူပြီးသည့်နောက် တိုက်စစ်ပိုင်း၌ ကစားသမား (၈) ဦးအထိ ရှိလာခဲ့ပြီး ဗက်ဇ်ကွက်၊ ဗီရက်တို၊ ဂန်ဆို၊ ကော်ရီရာ၊ ခရန်ဗစ်တာ၊ ဆာရာဘီယာ၊ ကီယိုတာကီ၊ ရက်ဒါ တို့ ပွဲထွက်ခွင့်အတွက် အကျိတ်အနယ် နေရာလုရမည်ဖြစ်သည်။

Ref:Goal.com

The Voice

Originally published at - https://www.facebook.com/thevoicemyanmar.mm

No comments:

Post a Comment