မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 10, 2017

ဆီးဂိမ်းအတွက် ဘိလိယက်၊ စနူကာနှင့် 9ball လက်ရွေးစင်များ အပြီးသတ်ရွေးချယ်




လာမယ့် ၂၀၁၇ မလေးရှား ဆီးဂိမ်း အတွက် ဘိလိယက်နဲ့ စနူကာ အဖွဲ့ချုပ်မှ လက်ရွေး စင်များ အပြီးသတ် ရွေးချယ် ခဲ့ပါတယ်။

စုစုပေါင်း အမျိုးသား ကစားသမား ၁၀ ဦးနဲ့ အမျိုးသမီး ကစားသမား ၂ ဦးတို့ကို ရွေးချယ် ခဲ့တာပါ။

ဘိလိယက် ကစားနည်း အတွက် ဝါရင့် ကစား သမား အောင်ဌေး အပါ အဝင် မင်းစည်သူထွန်း၊ နေသွေးဦး၊ ချစ်ကိုကို တို့ကို ရွေးချယ် ခဲ့ပြီးတော့ စနူကာ အတွက် ကိုထက်၊ အောင်ဖြိုး၊ ရဲဇော်ထွဋ်တို့ကို ရွေးချယ် ခဲ့ပါတယ်။

9 Ball ကစားနည်းအတွက် ကမာ့္ဘအဆင့်ပြိုင်ပွဲတွေမှာ အဆင့် ၈ နဲ့ ၁၃ ထိ ရရှိခဲ့တဲ့ အားတီ(ခ)ဖုန်းမြင့်ကျော်၊ မာန်ဟိန်းကျော်၊ အောင်မိုးသူ၊ အမျိုးသမီး 9 ball ကစားသမားများအဖြစ် အေမီအောင်နဲ့ သန္တာမောင်တို့ကို ရွေးချယ်ခဲ့ပါတယ်။

လာမယ့်မလေးရှားဆီးဂိမ်းမှာ ဘိလိယက်နဲ့ စနူကာအားကစားအဖွဲ့အနေနဲ့ ရွှေတံဆိပ် ၂ ဆုထိ မျှော်မှန်းထားတယ်လို့ နည်းပြ ဦးကျော်ဦးက ပြောကြားထားခဲ့ပါတယ်။

From : ဒီဗွီဘီ by ထက်လူ

Originally published at - http://burmese.dvb.no/archives/211581

No comments:

Post a Comment