
ရဲအရာရှိကို ကိုယ်ထိ လက်ရောက် ကျူးလွန် မှုနဲ့ ပြင်သစ် ကလပ် ပီအက်စ်ဂျီ နောက်တန်း ကစားသမား ဆာဂျေ အုရေးကို တရားရုံးက စက်တင်ဘာ ၂၆ ရက်နေ့မှာ ထောင်ဒဏ် ၂ လ ချမှတ် လိုက်ပါတယ်။
ပီအက်စ်ဂျီ နောက်တန်း ကစား သမားဟာ ပြီးခဲ့တဲ့ မေလက ပဲရစ် ညကလပ် တခုမှာ ရဲအရာရှိကို တံတောင်နဲ့ တွက်ခဲ့ တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီအတွက် ဒဏ်ငွေအဖြစ် ဒေါ်လာ ၆၀၀ ကျော် ပေးဆောင်ရမှာပါ။
အသက် ၂၃ နှစ်အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင်ကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
သူ့အနေနဲ့ ထောင်ဒဏ်နဲ့ပတ်သက်လို့ အယူခံဝင်နိုင်မှာ ဖြစ်ပါတယ်။
ပြင်သစ်ရဲတပ်ဖွဲ့ကတော့ မနက်အရုဏ်မတက်ခင်မှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့တာလို့ ပြောပါတယ်။
ပီအက်စ်ဂျီ နောက်တန်းလူ အုရေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကလည်း နည်းပြဟောင်း လောရန့် ဘလန့်ကို စော်ကားတဲ့ စကားတွေ ပြောဆိုခဲ့လို့ သီတင်းပတ်ပေါင်းများစွာ ဘောလုံးကစားဖို့ အသင်းကနေ ပိတ်ပင်တာ ခံရဖူးပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/169938

No comments:
Post a Comment