မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 7, 2015

ကော်စတာ၊ ပက်ထရိုနှင့် ဖာဘရီဂတ်စ်တိုကို စပိန်လက်ရွေးစင် အသင်းခေါ်ယူ




အင်္ဂလန်၊ ဘယ်လ် ဂျီယံတို့နှင့် ကစားမည့် ခြေစမ်းပွဲ များအတွက် စပိန်နည်းပြ ဒဲလ် ဘော့စကေးက ချယ်လ်ဆီးမှ တိုက်စစ်မှူး ဒီယေဂိုကော်စတာ အပြင် ပက်ထရိုနှင့် ဖာဘရီဂတ်စ်တို့ကိုလည်း ထည့်သွင်းထား သည်။

ပြီးခဲ့သည့်လအတွင်း ကစား ခဲ့သော ယူရို ၂၀၁၆ ခြေစစ်ပွဲ နှစ် ပွဲတွင် ကော်စတာမပါဝင်ခဲ့ပေ။ ယင်းအနက်တစ်ပွဲမှာ ပွဲပယ်ပြစ် ဒဏ်ကြောင့် မကစားနိုင်ခြင်းဖြစ် သည်။

ကွင်းလယ်တွင် ယခင်က ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သော အင်နီယေစတာနှင့် ကိုကီတို့ ပြန် လည်ပါဝင်လာသော်လည်း မန်း စီးတီးမှ ဒေးဗစ်ဆေးလ်ဗားဒဏ် ရာရနေ၍ မပါဝင်နိုင်ပေ။

နောက်တန်းတွင် ဒဲလ်ဘော့ စကေးက ဆာဂျီယိုရာမို့စ်ကို ပြန် လည်ထည့်သွင်းထားသည်။

တိုက်စစ်တွင် ဒီယေဂိုကော်စတာအပြင် ပက်ထရို၊ ဂျူဗင် တပ်မှ မိုရက်တာ၊ ဗလင်စီယာမှ အယ်လ်ကာဆာတို့ ပါဝင်မည်ဖြစ် သည်။စပိန်လက်ရွေးစင်အသင်း သည် နိုဝင်ဘာ ၁၃ ရက်တွင် အိမ်ကွင်း၌ အင်္ဂလန်ကို ဧည်ခံကစားမည်ဖြစ်ကာ နိုဝင်ဘာ ၁၇ ရက်တွင်မကြာ သေးမီက ဖီဖာကမ္ဘာ့ အဆင့် (၁) ရရှိခဲ့သော ဘယ်လ်ဂျီယံနှင့် အဝေးကွင်းခြေစမ်းမည်ဖြစ် သည်။

—Ref:Goal

Original link - http://www.7daydaily.com/story/50436

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment