မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 7, 2015

အမျိုးသား အသွင်ဖြင့် ဘောလုံးပွဲတွင် ခြေစွမ်းပြသည့် အမျိုးသမီး (ရုပ်သံ)




အမျိုးသားတွေ လုပ်နိုင်တယ် ဆိုတာကို အမျိုးသမီး တွေလည်း လုပ်နိုင်တယ် ဆိုတဲ့ အကြောင်း အမျိုးသမီး ဘောလုံးသမား တဦးက အမျိုးသားလို ၀တ်ဆင်ပြီး ဘောလုံး စွမ်းရည် ပြသ ခဲ့ပါတယ်။

မက်ဒရစ်က ဘောလုံးပြိုင်ပွဲ တခုမှာ လူစားလဲ ၀င်ရောက် လာတဲ့ ယောက်ျားလေးလို ၀တ်ဆင် ထားတဲ့ စပိန် အမျိုးသမီး ဘောလုံး သမားတဦးရဲ့ ဘောလုံး စွမ်းရည်ကြောင့် ပြိုင်ဘက် အမျိုးသားတွေ တအံ့ တသြ ဖြစ်ခဲ့ ရတယ်လို့ ဒေးလီးစတား သတင်းက ရေးပါတယ်။

နောက်ပိုင်းမှာတော့ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့ ရုပ်ဖျက် ထားတာကို ဖယ်ရှား လိုက်ပြီး အလွတ် တည်ကန်ဘောကို ကန်ပြခဲ့ ပါတယ်။

အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး တချို့သော စိတ်ကူးတွေကို ပယ်ဖျက်ဖို့ စပိန် တီဗွီရုပ်သံ တခုအတွက် ဒီရုပ်သံကို ရိုက်ကူး ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား အဖြစ် ဖန်တီးဖို့ ကြေးစား အမျိုးသမီး ဘောလုံးသမား ဘရုနက် ဘရင်ဒါက ၇ နာရီကြာ မိတ်ကပ်ခြယ်သ ခဲ့ပါတယ်။

လက်တွေကို ဖုံးထားဖို့လည်း လက်အိတ်ကို အသုံးပြု ခဲ့ပြီး ဒိုင်လူကြီးနဲ့ အသင်းမန်နေဂျာတွေ ကသာ အမျိုးသမီး ဖြစ်တယ် ဆိုတာကို သိကြပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/120743

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment