မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 6, 2015

ရီးရဲလ်ဆိုဆီဒက် ၀- ၂ လာစ့် ပါးမက်စ် (ရုပ်သံ)




နိုဝင်ဘာ ၆ ရက် စပိန်လာလီဂါ ရီးရဲလ် ဆိုဆီဒက်က လာစ့်ပါးမက်စ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။

ပထမပိုင်း ၂၈ မိနစ်မှာ လာစ့်ပါးမက်စ်အသင်းက ဂျိုနသန် ဗီအဲရာက အဖွင့်ဂိုးသွင်းယူပါတယ်။ ဒုတိယပိုင်း ၅၁ မိနစ်မှာတော့ ပါးမက်စ်အသင်းက အနိုင်ကို သေချာစေတဲ့ ဒုတိယဂိုး ထပ်မံသွင်းယူသွားပါတယ်။

ဒီပွဲမှာ လာစ်ပါးမက်စ်အသင်းက ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးသွင်းခွင့်တွေ ပိုမို အသာစီးရယူ ကစားသွားနိုင်ပါတယ်။
ဒီအရှုံးဟာ ဆိုဆီဒက်အတွက် ၁၁ ပွဲကစား ၆ ပွဲမြောက် အရှုံး ဖြစ်သလို အမှတ်ပေးဇယားမှာ တန်းဆင်းဇုံအထက်မှာ ရောက်ရှိလာတဲ့ အတွက် နည်းပြ ဒေးဗစ် မိုးရက်စ်အပေါ် ဖိအားတွေ တိုးမြင့်လာပါတယ်။

လာလီဂါ အမှတ်ပေးဇယားမှာတော့ ဆိုဆီဒက်က အဆင့် ၁၆ နဲ့ လာစ်ပါးမက်စ်က အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။

လာမယ့်ပွဲစဉ်တွေမှာတော့ ဆိုဆီဒက်ဟာ ဆီဗီးလား၊ ဘာစီလိုနာ အသင်းတွေနဲ့ ကစားရာမှာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/120629

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment