
စပိန် လာလီဂါ ချန်ပီယံ ဘာစီလိုနာ အသင်းဟာ ပီအက်စ်ဂျီ ဗဟို နောက်ခံလူ တဦးဖြစ်တဲ့ လူးကပ်စ် ဒီနရေကို ပေါင် ၁၃ သန်းကျော်နဲ့ ခေါ်ယူ လိုက်ပါတယ်။
အသက် ၂၂ နှစ် အရွယ် နောက်တန်း ကစားသမား ဒီနရေဟာ ပြီးခဲတဲ့ ရာသီက ရိုးမား အသင်းဆီ အငှားချ ခံရပြီး ရိုးမား အတွက် ၃၃ ပွဲ ကစားပေး ထားပါတာယ်။
ဒီနရေဟာ ပီအက်စ်ဂျီကို ၂၀၁၃ မှာ ရောက်ရှိလာပြီး ၄၄ ပွဲ ကစားခွင့် ရထားပါတယ်။
သူဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၁၃ ပွဲ ကစားထားပေမယ့်လည်း ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာတော့ ပွဲထွက်ကစားခွင့် မရခဲ့ပါဘူး။
ဒီနရေဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ဘာစီလိုနာအတွက် ဒုတိယမြောက် ခေါ်ယူခြင်းခံရတဲ့ ကစားသမား ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/159122





No comments:
Post a Comment