
ကမ္ဘာ့ အချမ်းသာဆုံး အားကစား အသင်းတွေထဲမှာ မန်ယူက အဆင့် ၅ ချိတ်တယ်လို့ ဖို့ဘ်စ် (Forbes) မဂ္ဂဇင်းက ထုတ်ပြန် လိုက်ပါတယ်။
အမေရိကန် ဘောလုံး အသင်းဖြစ်တဲ့ ဒါလက်စ် ကောင်းဘွိုင်း အသင်းက ဒေါ်လာ ၄ ဘီလျံနဲ့ ပထမဆုံးအကြိမ် အဖြစ် အချမ်းသာဆုံး စာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေ ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းက ဒေါ်လာ ၃ ဒသမ ၆၅ ဘီလျံနဲ့ ဒုတိယ၊ ဘာစီလိုနာက ဒေါ်လာ ၃ ဒသမ ၅၅ ဘီလျံနဲ့ တတိယနေရာမှာ ရှိနေပါတယ်။
အမေရိကန်အခြေစိုက် နယူးယောက် ယန်းကီးအသင်းက ဒေါ်လာ ၃ ဒသမ ၄ ဘီလျံနဲ့ အဆင့် ၄ မှာ ရှိနေပြီး မန်ယူအသင်းက ဒေါ်လာ ၃ ဒသမ ၃၂ ဘီလျံနဲ့ အဆင့် ၅ မှာ အသီးသီး ရပ်တည်နေပါတယ်။
မန်ယူအသင်းဟာ ၂၀၁၁ နဲ့ ၂၀၁၂ ကာလတွေတုန်းက ဒေါ်လာ ၃ ဘီလျံကျော်နဲ့ အချမ်းသာဆုံးအသင်းအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ဖူးပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးအသင်းတွေရဲ့ စာရင်းမှာ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ အာဆင်နယ်က အဆင့် ၂၃၊ မန်စီးတီးက အဆင့် ၂၈၊ ချဲလ်ဆီးက အဆင့် ၃၆၊ လီဗာပူးက အဆင့် ၄၁ မှာ အသီးသီး ရှိနေပါတယ်။
ဓာတ်ပုံ - belfasttelegraph
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/159119

No comments:
Post a Comment