မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, July 13, 2016

အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူရီရန်ကို ခေါ်ယူလိုလျှင် ပေါင်သန်း ၈၀ ပေးရမည်ဟု ဆို


Gonzalo - Higuain - ဓာတ်ပုံ - ရိုက်တာ


အာဆင်နယ် အသင်းအနေနဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဟီဂူ ရီရန်ကို ခေါ်ယူချင်ရင် ပေါင်သန်း ၈၀ အထိ ပေးရလိမ့်မယ်လို့ အီတလီ ကလပ် အသင်းနဲ့ နီးစပ်တဲ့ သတင်းအရင်း အမြစ်ကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြနေ ပါတယ်။

သတင်းတွေမှာတော့ အီတလီကလပ် နာပိုလီတိုက်စစ်မှူး ဟီဂူရီရန်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတခုက ခေါ်ယူဖို့ ညှိနှိုင်းနေတယ်ဆိုပြီး ရေးသားကာ တိုက်ရိုက်ကမ်းလှမ်းတာမျိုး မရှိသေးဘူးလို့လည်း ဆိုထားပါတယ်။

အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ နာပိုလီအသင်းနဲ့ လောလောဆယ် စာချုပ်သက်တမ်း ၂ နှစ် ကျန်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဟီဂူရီရန်ဟာ အာဆင်နယ်ကို ပြောင်းဖို့ သဘောတူညီချက် ရမလို ဖြစ်အပြီးမှာ အီတလီကလပ်ကို ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်းအတွက် ၃၆ ဂိုး သွင်းပေးထားပြီး ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/158974

No comments:

Post a Comment