
ဝက်စ်ဟမ်း အသင်းက ကိုလံဘီယာ တိုက်စစ်မှူး ကားလို့စ် ဘက်ကာကို ခေါ်ယူဖို့ အီတလီ ကလပ် အေစီမီလန် အသင်းနဲ့ ညှိနှိုင်း နေပါတယ်။
အသက် ၂၉ နှစ် အရွယ် တိုက်စစ်မှူး ဘက်ကာဟာ စပိန်ကလပ် ဆီဗီလာ အသင်းကနေ ပြီးခဲ့တဲ့ ရာသီမှာ အေစီမီလန်ကို ရောက်ရှိ လာပြီး အသင်း အတွက် ၂၁ ဂိုး သွင်းပေး ထားပါတယ်။
တိုက်စစ်မှူး ဘက်ကာဟာ ပြီးခဲ့တဲ့ ကိုပါ အမေရိကား ဖလား ပြိုင်ပွဲမှာ ကိုလံဘီယာ အသင်းအတွက် ၂ ဂိုး သွင်းယူ ထားပါတယ်။
ဒါ့အပြင် ၀က်စ်ဟမ်း အသင်းဟာ မန်ယူ အသင်းက အသက် ၂၀ အရွယ် လူငယ် တိုက်စစ်မှူး အက်ရှ်လေ ဖလက်ချာကိုလည်း ခေါ်ယူ ထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
Originally published at - http://burmese.dvb.no/archives/158959





No comments:
Post a Comment