
ချဲလ်ဆီး အသင်းက ကွင်းလယ် ကစားသမား ၀ီလျံကို ၄ နှစ် စာချုပ် သက်တမ်း ထပ်တိုး လိုက်ပါတယ်။
ဘရာဇီး လက်ရွေးစင် ကွင်းလယ် ကစား သမားဟာ ချဲလ်ဆီးနဲ့ ၂ နှစ် စာချုပ် သက်တမ်း ကျန်နေချိန်မှာ ထပ်ပြီး တိုးလိုက်တာပါ။
ကွင်းလယ်လူ ၀ီလျံဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီး အတွက် ၅၉ ပွဲ ကစားရာမှာ ၁၃ ဂိုး သွင်းထား ပါတယ်။
အသက် ၂၇ နှစ်အရွယ် ၀ီလျံဟာ ရုရှားကလပ် အန်ဇီကနေ ပေါင်သန်း ၃၀ နဲ့ ချဲလ်ဆီးကို ၂၀၁၃ ခုနှစ်မှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။
သူဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၃၀ မှာ ၆ ဂိုး သွင်းပေးထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/158948





No comments:
Post a Comment