
စပိန်လာလီဂါ ကလပ် ဘာစီလိုနာ အသင်းက ပြင်သစ် နောက်ခံလူ ဆယ်မြူရယ် အမ်တက်တီကို ခေါ်ယူ လိုက်ပါတယ်။
ဘာစီလိုနာက ပြင်သစ် နောက်တန်း ကစား သမားကို လီယွန် အသင်းကနေ ပေါင် ၂၁ သန်းပေးပြီး ခေါ်လိုက်တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ် အရွယ် အမ်တက်တီဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲ ကွာတား ဖိုင်နယ်မှာ ပြင်သစ် အသင်းအတွက် ပွဲဦးထွက် ကစားခွင့် ရထားပါတယ်။
ဘာကာ အသင်းက အမ်တက်တီကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူ ထားတာပါ။
သူဟာ လီယွန်အသင်းနဲ့ ပွဲပေါင်း ၁၅၀ ကစားပေး ထားပြီး ချန်ပီယံဆု ၁ ခု ရရှိ ထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/158929





No comments:
Post a Comment