မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, July 13, 2016

နယ်သာလန် တိုက်စစ်မှူးကို စပါး ခေါ်


ဗင်းဆင့် ဂျန်ဆန်(၀ဲစွန်)။ (ဓာတ်ပုံ - ရိုက်တာ)


ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ် ဟော့စပါး အသင်းက နယ်သာလန် တိုက်စစ်မှူး ဗင်းဆင့် ဂျန်ဆန်ကို ပေါင် ၁၇ သန်းပေးပြီး ခေါ်ယူ လိုက်ပါတယ်။

စပါး အသင်းက နယ်သာလန် ကလပ် အေဇက်အယ်ခ်မာ အသင်း ကနေ ဂျန်ဆန်ကို ၄ နှစ် စာချုပ်နဲ့ ခေါ်ယူ လိုက်တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဒတ်ခ်ျ အမှတ်ပေးလိဂ် ရာသီတုန်းက အသင်းအတွက် ၂၇ ဂိုး သွင်းယူ ထားပါတယ်။

တိုက်စစ်မှူး ဂျန်ဆန်ဟာ စပါးအသင်းကနေ ဒုတိယမြောက် ခေါ်ယူခြင်းခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

သူ့ကို ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ ဂျာမန်ကလပ် ၀ုဖ်ဘာ့ဂ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေမှာ ခန့်မှန်းထားပါတယ်။

တိုက်စစ်မှူး ဂျန်ဆန်ဟာ နယ်သာလန်လက်ရွေးစင် အသင်းအတွက် ၅ ပွဲ ကစားပေးထားရာမှာ ၃ ဂိုး သွင်းယူထားပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/158921

No comments:

Post a Comment