မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, July 13, 2016

အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် စင်ကာပူကို မြန်မာ ဂိုးပြတ် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၆ ဘောလုံး ပြိုင်ပွဲ အုပ်စု က ဒုတိယ ပွဲစဉ် အဖြစ် မြန်မာ ယူ-၁၆ နဲ့ စင်ကာပူ ယူ-၁၆ တို့ ဇူလိုင် ၁၂ ရက်က ယှဉ်ပြိုင်ရာ မြန်မာက ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရ သွားပါတယ်။

မြန်မာအသင်း အတွက် အဖွင့်ဂိုးကို ပထမပိုင်း ၁၅ မိနစ်မှာ အောင်ဝဏ္ဏစိုးက စင်ကာပူ ဂိုးဧရိယာ ဘီးကုပ် စက်ဝိုင်းထိပ်နား ကနေ အပြင်း ကန်သွင်းပြီး ရယူပေး ခဲ့သလို ဒုတိယဂိုး ကိုလည်း ပွဲချိန် မိနစ် ၄၀ မှာ အောင်ဝဏ္ဏစိုး ကပဲ အဝေးကနေ အပြင်း ကန်သွင်းပြီး ရယူပေး ခဲ့တာပါ။

အဲဒီနောက် ပွဲချိန် ၄၁ မိနစ်မှာ ၀င်းနိုင်ထွန်းက တတိယ ဂိုးသွင်းယူပြီး ပထမပိုင်းမှာ မြန်မာအသင်း ၃ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင် ခဲ့ပါတယ်။

ဒီပွဲစဉ် ပထမပိုင်းမှာ မြန်မာအသင်းဟာ အပေးအယူ အချိတ်အဆက် မိမိနဲ့ စင်ကာပူ ဘက်ကို ထိုးဖောက် ကစားသွားနိုင် ခဲ့ပါတယ်။

စင်ကာပူ အသင်းဟာ ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်း ခဲ့ပေမယ့် လိုအပ်တဲ့ ချေပဂိုးတွေကိုတော့ မသွင်းနိုင်ခဲ့ပါဘူး။

မြန်မာအသင်းအတွက် စတုတ္ထဂိုးကို ပွဲချိန် မိနစ် ၈၀ မှာ ရဲရင့်အောင်က သွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီးမှာ စင်ကာပူအသင်းက ချေပဂို တဂိုး သွင်းယူသွားခဲ့လို့ ပွဲအပြီးမှာ မြန်မာအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

မနေ့ကယှဉ်ပြိုင်တဲ့ အုပ်စု က အခြားပွဲစဉ်တွေမှာတော့ ဖိလစ်ပိုင်နဲ့ မလေးရှားက ၂ ဂိုးစီ သရေကျပြီး ဗီယက်နမ်က သြစတြေးလျကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အုပ်စု က နှစ်ပွဲစီ ကစားအပြီးမှာတော့ ဗီယက်နမ်က ၂ ပွဲနိုင် ၆ မှတ်နဲ့ အုပ်စု ပထမ၊ မြန်မာက ၄ မှတ်နဲ့ အုပ်စု ဒုတိယ၊ စင်ကာပူက ၃ မှတ်နဲ့ အုပ်စု တတိယ၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ သြစတြေးလျတို့က ရမှတ် ၁ မှတ်စီ အသီးသီး ရရှိထားပါတယ်။

အုပ်စု တတိယပွဲစဉ်အဖြစ် မြန်မာအသင်းဟာ လာမယ့် ဇူလိုင် ၁၄ ရက်နေ့မှာ ဗီယက်နမ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/158915

No comments:

Post a Comment