
ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီ အသင်းက ပြင်သစ်ကို အချိန်ပိုမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိပြီး တဲ့နောက် ပြင်သစ် ပရိသတ်တွေ ကြေကွဲ ခဲ့ရပါတယ်။
ပြင်သစ် အသင်းကို အားပေး နေတဲ့ သက်လတ်ပိုင်း အရွယ် လူငယ် ပရိသတ် တဦးဟာ ပြင်သစ် အသင်းရဲ့ အရှုံးကို ကြည့်ပြီး ၀မ်းနည်းစွာ ငိုကြွေးနေ ပါတယ်။
ငိုကြွေးနေတဲ့ ပြင်သစ် ပရိသတ်ကို ပေါ်တူဂီ အသင်း အားပေးတဲ့ ကလေးငယ် တဦးက လာရောက် နှစ်သိမ့် ခဲ့ပါတယ်။
နောက်ဆုံး မှာတော့ ကလေးငယ်က လူငယ်ကို ဖက်ပြီး နှစ်သိမ့်ခဲ့တဲ့ ဒီဖြစ်ရပ်ကို ရုပ်သံနဲ့ မှတ်တမ်း တင်ထားပြီး နိုင်ငံတကာ သတင်း ဌာနတွေက ဖော်ပြ ခဲ့ကြပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/158767






No comments:
Post a Comment