မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, July 12, 2016

ရုရှားတင်းနစ်မယ် ရှာရာပိုဗာ ဘရာဇီး အိုလံပစ် ပွဲတွင် ပါဝင်ခွင့် မရ




တားမြစ်ဆေး သုံးစွဲမှုနဲ့ အမှု ရင်ဆိုင်နေ ရတဲ့ ဂရင်းစလန်း ချန်ပီယံ ရုရှား တင်းနစ်မယ် ရှာရာပိုဗာဟာ ဘရာဇီး အိုလံပစ်ပွဲမှာ မကစား ရဖို့ သေချာ သွားပါပြီ။

တင်းနစ် ကစားခွင့် ၂ နှစ် ပိတ်ပင် ခံထား ရတဲ့ စီရင်ချက်ကို လျှော့ပေါ့ ပေးဖို့ ရှာရာပိုဗာက အယူခံဝင် ထားပေမယ့် အားကစား ခုံရုံးက မဆုံးဖြတ်သေးဘဲ စက်တင်ဘာလ အထိ ရုံးချိန်း ရွှေ့လိုက်တဲ့ အကြောင်း ဇူလိုင် ၁၁ ရက်နေ့မှာ ကြေညာ ပါတယ်။

အယူခံကို ဆုံးဖြတ်ဖို့ အတွက် လိုအပ်တဲ့ သက်သေ အထောက် အထားတွေ ခိုင်လုံအောင် စုဆောင်းဖို့ အချိန် လိုအပ် တာကြောင့် စက်တင်ဘာ ၁၉ ရက်နေ့ အထိ ရွှေ့ဆိုင်းလိုက်တဲ့ အကြောင်း ခုံရုံးရဲ့ ကြေညာချက်က ဆိုပါတယ်။

ကမ္ဘာ့နံပါတ် ၁ ဖြစ်ခဲ့ဖူးတဲ့ အသက် ၂၉ နှစ် အရွယ် ရှာရာပိုဗာရဲ့ နာမည်ကို ရုရှား အရာရှိတွေက ရီယို အိုလံပစ်ကို စေလွှတ်မယ့် အားကစားသမား စာရင်းမှာ ထည့်ထား ပါတယ်။

ဒါပေမယ့် ရှာရာပိုဗာဟာ ဇန်န၀ါရီလ တုန်းက ယှဉ်ပြိုင် ခဲ့တဲ့ သြစတြေးလျ အိုးပင်း ပြိုင်ပွဲတုန်းက တားမြစ်ထားတဲ့ Meldonium ဆေးကို သုံးစွဲခဲ့တဲ့ အကြောင်း စစ်ဆေးတွေ့ရှိတဲ့ အတွက် တင်းနစ် ကစားခွင့် ၂ နှစ် ပိတ်ပင် ခံထား ရပါတယ်။

ဓာတ်ပုံ - ရိုက်တာ

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/158753

No comments:

Post a Comment