
ဥရောပ ချန်ပီယံ ပေါ်တူဂီ အသင်းဟာ အိမ် မပြန်ခင် ပြင်သစ် နိုင်ငံမှာပဲ အမာခံ ပရိသတ် တွေက သောင်းသောင်း ဖျဖျ အားပေး တာနဲ့ ကြုံရ ပါတယ်။
ပေါ်တူဂီ အသင်း စခန်းချရာ မာကော့စစ် မြို့မှာ အသင်း ခေါင်းဆောင် ရော်နယ်ဒို၊ နာနီတို့နဲ့ အတူ ဇူလိုင် ၁၀ ရက်နေ့ ဗိုလ်လု ပွဲမှာ ဂိုးသွင်း ခဲ့တဲ့ အီဒါတို့ ပါတဲ့ ပေါ်တူဂီ အသင်းသား
တွေကို အမာခံ ပရိသတ်တွေက လက်ခုပ် လက်ဝါး တီးပြီး လှိုက်လှိုက် လှဲလှဲ အားပေး ခဲ့ကြ ပါတယ်။
ပေါ်တူဂီ အသင်းဟာ ဗိုလ်လုပွဲမှာ အိမ်ရှင် ပြင်သစ် အသင်းကို တဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ ပြီးနောက် ဇူလိုင် ၁၁ ရက်နေ့မှာပဲ အောင်ပွဲနဲ့ အိမ်ပြန်တဲ့ အခါ ပေါ်တူဂီ သမ္မတက ကြိုဆိုပြီး လစ္စဘွန်း မြို့ပေါ်မှာ တနေကုန် ပရိသတ်တွေနဲ့ အတူ အောင်ပွဲ ခံခဲ့ကြ ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/158741





No comments:
Post a Comment