
ယူရို ၂၀၁၆ ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ရွှေဖိနပ် ဆုကို ပြင်သစ် တိုက်စစ်မှူး အန်တိုနီ ဂရစ်ဇ်မန်းက ရရှိသွား ပါတယ်။
တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ သွင်းဂိုး စုစုပေါင်း ၆ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုကို ရရှိ သွားတာပါ။
အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ပွဲစဉ် ၇ ပွဲမှာ ကိုယ်တိုင် ဂိုးသွင်း ယူတဲ့ အပြင် အသင်းဖော်တွေ ၂ ဂိုး ရအောင်လည်း ကူညီပေးနိုင် ခဲ့ပါတယ်။
ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ၃ ဂိုးပဲ သွင်းယူနိုင်ပြီး အသင်း ဖော်တွေကို ၃ ဂိုးရအောင် ကူညီနိုင် ခဲ့ပါတယ်။
ဒါကြောင့် ယူရိုပြိုင်ပွဲရဲ့ ဒုတိယ သွင်းဂိုး အများဆုံး သူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရ ပါတယ်။
ပေါ်တူဂီက အသက် ၁၈ နှစ်အရွယ် ကွင်းလယ် ကစားသမား ရီနာတို ဆန်းချက်ဇ်ကတော့ ယူရိုပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမား ဆုကို ရရှိ သွားပါတယ်။
ဆန်းချက်ဇ်ဟာ ယူရိုပြိုင်ပွဲတလျှောက်မှာ ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက် အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/158655

No comments:
Post a Comment