မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, July 14, 2016

မန်ယူအသင်း၏ တရုတ်ခြေစမ်းခရီးစဉ်တွင် အီဘရာဟီမိုဗစ် ပါဝင်ရန် မသေချာ




တိုက်စစ်မှူး အီဘရာဟီ မိုဗစ်ဟာ မန်ယူ အသင်းရဲ့ ရာသီ အကြို တရုတ် နိုင်ငံမှာ သွားကစားမယ့် ခြေစမ်းပွဲစဉ် တွေမှာ လိုက်ပါဖို့ မသေချာတဲ့ အနေအထား ရှိနေပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုက တရုတ်မှာ ကစားမယ့် ခြေစမ်းပွဲ ၂ ပွဲမှာ တိုက်စစ်မှူးကို ချန်ထား ခဲ့ဖို့ စဉ်းစား နေတယ်လို့ ဗြိတိသျှ မီဒီယာတွေမှာ ရေးသား ထားပါတယ်။

ဒါပေမယ့် တိုက်စစ်မှူးတွေဖြစ်တဲ့ ရွန်နီ၊ ရပ်ရှ်ဖို့ဒ်နဲ့ နောက်တန်းကစားသမား စမောလင်းတို့တော့ လိုက်ပါသွားမှာ ဖြစ်ပါတယ်။

ဆွီဒင်တိုက်စစ်မှူးဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီကနေ မန်ယူကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ရိုက်တာ

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/159128

No comments:

Post a Comment