မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, July 14, 2016

မြန်မာဘောလုံး ဖီဖာ အဆင့်သတ်မှတ်ချက် ၁ ဆင့် ထပ်တိုး




ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ရဲ့ ဒီကနေ့ ဇူလိုင် ၁၄ ရက် နောက်ဆုံး ထုတ်ပြန်တဲ့ နိုင်ငံပေါင်း ၂၀၀ ကျော်ရဲ့ နိုင်ငံ အလိုက် ဘောလုံး အဆင့် သတ်မှတ်ချက် အရ မြန်မာ့
ဘောလုံး အဆင့်အတန်းဟာ အရင်ကထက် အဆင့် ၁ ဆင့် ထပ်တိုး လာပါတယ်။

မြန်မာ အသင်းဟာ ပြီးခဲ့တဲ့ မေလ ဖီဖာ အဆင့် သတ်မှတ်ချက်မှာ ကမ္ဘာ့ အဆင့် ၁၆၇၊ ဇွန်လမှာ အဆင့် သတ်မှတ်ချက် ၁၆၁ နေရာမှာ ရပ်တည် နေရာကနေ အခု ဇူလိုင်လ မှာတော့ အဆင့် ၁၆၀ နေရာကို ထပ် တက် လာခဲ့ တာပါ။

မကြာသေး ခင်က ကျင်းပ ပြီးစီးသွားတဲ့ ကိုပါ အမေရိက ဖလားနဲ့ ယူရို ၂၀၁၆ ပွဲစဉ်တွေ အပြီးမှာခုလိုဖီဖာက ဘောလုံး အဆင့် သတ်မှတ်ချက် အသစ်တွေ ထုတ်ပြန် လိုက်တာပါ။

ဒါပေမယ့် ကမ္ဘာ့ဘောလုံး အဆင့် ၁ နေရာမှာ အာဂျင်တီနား၊ အဆင့် ၂ ဘယ်ဂျီယံ၊ အဆင့် ၃ ကိုလံဘီယာ၊ အဆင့် ၄ ဂျာမနီနဲ့ အဆင့် ၅ မှာ ချီလီအသင်းတွေ အရင်လက အတိုင်း မပြောင်းလဲပဲ အစဉ်လိုက် အသီးသီး ရပ်တည် နေပါတယ်။

ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ပေါ်တူဂီ အသင်းကတော့ အရင်ကထက် ၂ ဆင့် တက်သွားပြီ်း အဆင့် ၆ နေရာကို ရောက်လာသလို ဒုတိယရတဲ့ ပြင်သစ် အသင်းကလည်း အရင်ကထက် ၁၀ ဆင့်တိုးပြီး အဆင့် ၇ နေရာကို တက်လာ ပါတယ်။

စပိန်ကတော့ ၂ ဆင့်ကျသွားပြီး အဆင့် ၈ နေရာ၊ ဘရာဇီးကလည်း ၂ဆင့်ကျပြီး အဆင့် ၉ နေရာ၊ ရှိနေကာ အီတလီကတော့ ၂ ဆင့်တက်ကာ အဆင့် ၁၀ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/159188

No comments:

Post a Comment