မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, June 9, 2017

ယူ ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အင်္ဂလန်နှင့် ဗင်နီဇွဲလား ဗိုလ်လုမည်




တောင် ကိုရီးယား နိုင်ငံမှာ ကျင်းပနေတဲ့ ယူ-၂၀ ကမ္ဘာ့ ပြိုင်ပွဲ ဆီမီး ဖိုင်နယ် ပွဲစဉ်တွေမှာ နာမည်ကြီး အင်္ဂလန်က အီတလီကို ၃ ဂိုး ၁ ဂိုး၊ ဗင်နီ ဇွဲလားက ဥရုဂွေးကို ပယ်နယ်တီမှာ ၅ ဂိုး ၄ ဂိုးနဲ့ အသီးသီး အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်လှမ်း သွားကြ ပါတယ်။

အင်္ဂလန်နဲ့ အီတလီအသင်းပွဲစဉ်မှာ အဖွင့်ဂိုးကို ပွဲအစ ၃ မိနစ်မှာပဲ အီတလီကသွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့တာပါ။

အင်္ဂလန်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပွဲချိန် ဒုတိယပိုင်းကျမှ သွင်းယူနိုင်ခဲ့ပြီး ၆၆ မိနစ်နဲ့ ၈၈ မိနစ်တွေမှာ လီဗာပူး လူငယ်တိုက်စစ်မှူး ဆိုလန်းကီးက ၂ ဂိုး၊ ၇၇ မိနစ်မှာ အဲဗာတန် လူငယ်ကစားသမား လွန်ခ်မန်းက ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်အသင်းဟာ အိမ်ရှင် တောင်ကိုရီးယား၊ နာမည်ကြီး အာဂျင်တီးနား၊ အာဖရိကက ဂီနီယာတို့နဲ့ တအုပ်စုတည်းကျခဲ့ပြီး အုပ်စုအဖွင့်ပွဲမှာ အာဂျင်တီးနားကို ၃ ဂိုး ဂိုးမရှိ၊ ဒုတိယပွဲစဉ်မှာ ဂီနီယာနဲ့ တဂိုးစီသရေ၊ အုပ်စုနောက်ဆုံးပွဲမှာ အိမ်ရှင် တောင်ကိုရီးယားကို ၁ ဂိုးမရှိနဲ့ အနိုင်ရပြီး အုပ်စုပထမနဲ့ နောက်တဆင့် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီ့နောက် ရှုံးထွက်အဆင့်မှာ ကော့စတာရီကာကို ၂ ဂိုး ၁ ဂိုး၊ ကွာတားဖိုင်နယ်မှာ မက္ကဆီကိုကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗင်နီဇွဲလားအသင်းကလည်း နာမည်ကြီး ဂျာမနီ၊ မက္ကဆီကိုနဲ့ သမုဒ္ဒရာပိုင်းဇုန်က ဗန်နွာတူ နိုင်ငံတွေနဲ့ တအုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စုတွင်း သုံးပွဲစလုံး အနိုင်ရကာ အုပ်စုပထမအဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းခဲ့တာပါ။

ရှုံးထွက်အဆင့်မှာ ဗင်နီဇွဲလားဟာ အာရှထိပ်သီး ဂျပန်ကို အချိန်ပိုသွင်းဂိုး ၁ ဂိုး ဂိုးမရှိ၊ ကွာတားဖိုင်နယ်မှာ အမေရိကန်ကို အချိန်ပိုသွင်းဂိုး ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်နဲ့ ဗင်နီဇွဲလားတို့ရဲ့ နောက်ဆုံးဗိုလ်လုပွဲကိုတော့ လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

(အင်္ဂလန်နဲ့ အီတလီတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ဟိုက်လိုက်ကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။)

အင်္ဂလန်နှင့် အီတလီ



ဗင်နီဇွဲလားနှင့် ဥရုဂွေး



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/211333

No comments:

Post a Comment