
ပရီးမီးယား လိဂ် ကလပ် လက်စတာ စီးတီး အသင်းက လက်ရှိ နည်းပြ ကရက် ရှိတ်စပီးယားကို အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ် လိုက်ပါတယ်။
အသက် ၅၃ နှစ် အရွယ် နည်းပြ ရှိတ်စပီးယားကို လက်စတာက ၃ နှစ်စာချုပ် သဘောတူ လိုက်တာပါ။
နည်းပြ ရှိတ်စပီးယားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လထဲမှာ လက်စတာ အသင်းနည်းပြ ကလော်ဒီယို ရေနီယာရီ အထုတ်ခံ ရအပြီး ယာယီ နည်းပြ အဖြစ် တာဝန်ယူ ခဲ့သူ ဖြစ်ပါတယ်။
ရှိတ်စပီးယားဟာ လက်စတာကို သူတာဝန် ယူတဲ့ ၁၆ ပွဲမှာ ၈ ပွဲ အနိုင် ရအောင် စွမ်းဆောင် ထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် မှာလည်း ကွာတားဖိုင်နယ် အထိ ပို့ဆောင် aပးနိုင် ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ရာသီ အကုန်မှာတော့ လက်စတာ အသင်းဟာ အဆင့် ၁၂ နေရာမှာ ရပ်တည်နိုင် ခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/211324

No comments:
Post a Comment