မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, June 8, 2017

လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတဲ့ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်းများ




အင်္ဂလန် ပရီးမီးယားလိဂ်က တစ်ရာသီ ပြီးဆုံးလို့ အနား ယူခါစ ရှိသေးပေမဲ့ ဘောလုံး aလာကရဲ့ ထုံးစံ အတိုင်း ရာသီသစ် အတွက် ပြင်ဆင်မှု သတင်းတွေ ကတော့ အနား မရပါဘူး။ ပရီးမီးယားလိဂ်မှာ အဖြေ ထွက်သွားတဲ့ အပြောင်း အရွှေ့တချို့ ရှိပေမဲ့ အများစု ကတော့ သို့လော သို့လောနဲ့ လှုပ်ခတ်နေတဲ့ ကောလာဟလ သတင်းတွေပါပဲ။

ဒါပေမဲ့ ကောလာဟလတိုင်းမှာ အမှန်တရားတစ်ဝက်တော့ ပါတတ် တယ်ဆိုတဲ့အတိုင်း တချို့ အလှုပ်အခတ်သတင်းတွေဟာ မကြာခင် လက်တွေ့ ဖြစ် လာမယ့် သတင်းတွေရဲ့ ရှေ့ပြေး နိမိတ်တွေ လို့လည်း ဆိုနိုင်ပါတယ်။

သည်လို လှုပ်လှုပ်ခတ်ခတ်နိမိတ်ပြသတင်းတွေကို သည်တစ်ပတ်အတွက် စုစည်းဖော်ပြလိုက်ပါတယ်။

စီရော်နယ်ဒို ယူရိုသန်း ၁၈၀

လက်ရှိဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမား၊ ပူပူနွေးနွေး ချန်ပီယံလိဂ်ဖလား ပိုင်ရှင် စီရော်နယ်ဒိုကိုယူရို သန်း ၁၈၀ နဲ့ ကမ်းလှမ်းမှု ရှိလာမယ်လို့ A Bola မှာ ဖော်ပြထားတယ်။ စီရော်နယ်ဒိုကို လိုချင်နေတယ်လို့ သတင်းထွက် နေတဲ့ အသင်းတွေကအသင်းဟောင်း မန်ယူ၊ ပီအက်စ်ဂျီ၊ မိုနာကိုတို့ ဖြစ်ပြီး တရုတ် စူပါလိဂ်ဘက်ကလည်း လိုချင်နေတယ်လို့ သိရတယ်။သည်တော့ ကမ္ဘာ့အကောင်း ဆုံး ဘောလုံးသမား ဘယ်အသင်း ပြောင်းဖြစ်မှာလဲ၊ ပိုနေမြဲ ကျားနေ မြဲပဲလား စောင့်ကြည့်ရမယ်။

လီဗာပူးလ်အတွက် ဂျိမ်းစ်ရိုဒရီဂွက်ဇ်

လီဗာပူးလ်ဟာ ရီးယဲလ်မက် ဒရစ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက် ခေါ်ဈေးပေါင် ၅၂ သန်းကို ပေးချေဖို့ အသင့်ဖြစ်နေပြီလို့ Don Balon သတင်းမှာ တွေ့ရတယ်။ မန်ယူအသင်းက သည်ကိုလံဘီယာ အသင်းခေါင်းဆောင်ကို ချိတ်ဆက်နေတာအတော်ကြာပြီ ဖြစ်လို့ လီဗာပူးလ်ရဲ့ ကြိုးပမ်းမှုက သည်နှစ်သင်းကြား နောက်ထပ် တိုက်ပွဲတစ်ခု ဖြစ်လာနိုင်တယ်။ ဂျိမ်းစ်ဟာ လီဗာပူးလ်အတွက်လား မကြာခင် မြင်တွေ့ရဖို့ ရှိတယ်။

ဝင်းဂါးရှာနေတဲ့ လာကာဇက်

အာဆင်နယ် နည်းပြကြီး အာဆင်ဝင်းဂါးဟာ အသင်းတိုက်စစ် အတွက် လီယွန်တိုက်စစ်မှူး လာကာဇက်ကို ခေါ်ယူနိုင်ဖို့ လီယွန်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်နေပြီလို့ The Sun က ရေးပါတယ်။ အာဆင်နယ်ရဲ့ တိုက်စစ်လိုအပ်ချက် ကိုလာကာဇက်က တကယ်ပဲ ဖြည့် ပေးနိုင်မလား၊ လာကာဇက်ဟာ ဝင်းဂါးရှာနေတဲ့ ဖလားယူပေးနိုင်မယ့် တိုက်စစ်မှူးမျိုးလား စိတ်ဝင်စားစရာပါပဲ။ လာကာဇက်အတွက် တစ်ပတ်လုပ်ခပေါင် ၂၀ဝ,ဝ၀ဝ ပေးဖို့ ရှိတယ်ဆိုတဲ့ အချက်က လည်း အာဆင်နယ်အတွက် ထူးခြားချက် ဖြစ်မယ် ထင်ပါတယ်။  ဘယ်နေ့ အဖြေသိရမှာလဲ အားလုံးမျှော်နေကြမယ် ထင်ပါတယ်။

ဆောက်သမ်တန်ရဲ့ဒေါ့မွန်ပစ်မှတ်

သည်အပြောင်းအရွှေ့ကျတော့ တစ်မျိုးထူးဆန်းမယ်။ နည်းပြအပြောင်းအရွှေ့ပါ။ ဆောက်သမ်တန်က လက်ရှိနည်းပြ ကလော်ဒီပူယယ်ကို ထုတ်ဖို့ ပြင်နေပြီး ဒေါ့မွန်နည်းပြ သောမတ်စ် တူချယ်ကို ပစ်မှတ်ထားနေတယ်။ ဥရောပပြိုင်ပွဲတွေဆီ ခြေလှမ်းပြင်နေတဲ့ ဆောက်သမ်တန်အတွက် နည်းပြတူချယ်ဟာ ရွေးချယ်စရာ ပစ်မှတ်ကောင်း တစ်ခုဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ဒေါ့မွန်က လက်လွှတ်ပါ့မလား၊ တခြားဘယ် အသင်းတွေနဲ့ အပြိုင်လုရဦးမလဲ စိတ်ဝင်စားဖို့ ကောင်းတယ်။

တယ်ရီရွှေ့မယ့် ဘုန်းမောက်

ချယ်လ်ဆီးရဲ့ အပယ်ခံဖြစ်ရ ရှာတဲ့ ဂန္ထဝင်အသင်းခေါင်းဆောင် ဂျွန်တယ်ရီကို ဘုန်းမောက်အသင်း က ခေါ်ယူဖို့ အင်မတန်နီးစပ်နေပြီလို့ The Sun က ဖော်ပြတယ်။ ချယ်လ်ဆီးကနေ ထွက်ခွာပြီးရင် ဘောလုံးသမားဘဝက အနားယူဖို့ စဉ်းစားနေပြီဆိုခဲ့တဲ့ တယ်ရီတစ် ယောက် ဘောလုံးကွင်းတွေထဲ၊ အထူးသဖြင့် ပရီးမီးယားလိဂ် မြက်ခင်းပြင်တွေပေါ် မြင်တွေ့ခွင့်ရဦးမယ်ဆိုတာက မင်္ဂလာတစ်ပါးပါပဲ။ သူ့ရဲ့ ဘုန်းမောက်က တစ်ပတ်လုပ်ခက ပေါင်တစ်သိန်း ဖြစ်နိုင်တယ်လို့ ဆိုတယ်။



မန်ယူနဲ့ ချယ်လ်ဆီး ကစားမယ့် ဒိုင်ဘာလာလုပွဲ

မန်ယူနဲ့ ချယ်လ်ဆီးက ပြီးခဲ့တဲ့ ရာသီက ဖလားလုပွဲပြိုင်ဘက်တွေ မဖြစ်ခဲ့ကြပေမဲ့ လာမယ့်ရာသီမှာ တော့ ပြိုင်ဘက်တွေ ဖြစ်လာဖို့ ရှိပါ တယ်။ လောလောဆယ်တော့ က စားသမားလုပွဲမှာ နှစ်သင်းပြိုင် ဆိုင်နေရပါတယ်။ ဂျူဗင်တပ်ရဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဒိုင်ဘာလာကို သည်နှစ်သင်းစလုံးက ခေါ်ယူဖို့ အထူးမျက်စိကျနေကြပါ သတဲ့။ Mundo Deportivo သတင်းစာက ရေးတယ်။ မန်ယူက အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းခေါ်ယူရေး အိပ်မက် ပြယ် လုလုဖြစ်နေလို့ ဒိုင်ဘာလာ ဟာ နောက်ထပ်ပစ်မှတ် ဖြစ်လာနိုင်တယ်။ သည်လိုပဲ ချယ်လ် ဆီးကလည်း တိုက်စစ်မှူးဒီယေဂို ကော်စတာနဲ့ ကွင်းလယ်တိုက်စစ်ဟာဇက်တို့ကို လက်လွှတ်ရနိုင် ခြေ ရှိနေလို့ ဒိုင်ဘာလာဟာ အ ကောင်းဆုံး အစားထိုးမှု ဖြစ်လာဖို့ ရှိနေတယ်။ သည်နှစ်သင်းရဲ့ လူလုပွဲမှာ ဘယ်သူဖလားယူသွားမလဲ စောင့်ကြည့်ချင်စရာပါပဲ။

မက်ပီးကို ပေါင် ၁၁၃ သန်း ကမ်းလှမ်းသူ

လက်ရှိဘောလုံးလောကရဲ့ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်ဖြစ်တဲ့ မိုနာကို ရှေ့တန်းက လူငယ်ကစားသမားလေး ကိုင်လီယန် မက်ပီးကို ပေါင် ၁၁၃ သန်းနဲ့ ခေါ် ယူဖို့ မန်ယူက ကမ်းလှမ်းလိုက်တယ်လို့ Daily Mail က ဖော်ပြ တယ်။ သူ့ကို မန်စီးတီးရော ၊ ရီးယဲလ်မက်ဒရစ်ကပါ လိုချင်နေတယ်ဆိုတော့ ပြင်းထန်တဲ့ လွန်ဆွဲပွဲဖြစ်လာဖို့ ရှိတယ်။ ဒါပေမဲ့ ကစား သမားလေးက ပြင်သစ်အပြင်ကို ထွက်ချင်သေးပုံမရသေးတာ ကြောင့် သည်သတင်းက ပုံပြင် တစ်ပုဒ် ဖြစ်သွားမလား၊ မသေချာ၊ မရေရာ သေးပါဘူး။

လူကာကူကို ဘယ်သူယူ

အဲဗာတန်တိုက်စစ်မှူး လူကာ ကူကို သည်ရာသီမှာ လိုချင်တဲ့သူတွေ အတော်ပေါလာတယ်။ မန်ယူ နဲ့ ချယ်လ်ဆီးတို့ အလိုရှိနေတဲ့ ကစားသမားထဲ တစ်ယောက် အပါအဝင်ဖြစ်နေပြီး အခုဆိုရင် လူကာကူ ကို ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူး နစ်ကပါ လိုချင်နေပြန်သတဲ့။ အဲ ဗာတန်နဲ့ စာချုပ်သစ်ချုပ်ဖို့ ငြင်းဆို ထားတဲ့ လူကာကူဟာ သည်ရာသီ မှာ အသင်းပြောင်းဖြစ်ဖို့ များနေပေ မဲ့ အဲဗာတန်နည်းပြ ရော်နယ်ကိုး မန်းကလည်း သူ့ကို ပြန်ဆွဲထားနိုင်ဖို့ ကြိုးစားနေပြန်တယ်။ တစ်ခုရှိ တာက ချယ်လ်ဆီးနည်းပြဟောင်း အန်ဆယ်လော့တီဟာ လူကာကူ ကို ဂျာမန်မြေကို ခေါ်ယူသွားနိုင်မယ်ဆိုလည်း ဖြစ်လာနိုင်ခြေတစ်ခုပါပဲ။

မိုနာကို ခံစစ်ကို ကြိုက်တဲ့ အာဆင်နယ်နဲ့စပါး

မန်စီးတီးက တကောက် ကောက်လိုက်နေတဲ့ မိုနာကို ခံစစ် ဘယ်ညာအစွန်လူ ဂျီဘရေးဆစ်ဒဘီကို အာဆင်နယ်ရော၊ စပါးကပါလိုချင်နေကြတယ်လို့ Daily Star က ဆိုတယ်။ မိုနာကိုကလည်း၂၄ နှစ်သားအတွက်ကမ်းလှမ်းမှုတွေကို နားစွင့်နေပါသတဲ့။

သည်တော့အဦးဆုံး စိတ်ဝင်စားနေတဲ့ မန်စီးတီးဆီပဲ ရောက်မလား၊ လန်ဒန် နှစ်သင်းထဲက တစ်သင်းသင်းဆီပဲ လာမလား တစ်ခုမဟုတ် တစ်ခုတော့ သေချာ သလောက် ရှိနေတယ်။

လီဗာပူးလ်အနားကပ်လာတဲ့ ဗန်ဒိုက်

ဆောက်သမ်တန် နောက်ခံလူ ဗန်ဒိုက်ကို ခေါ်ယူဖို့ လီဗာပူးလ်အ သင်း နီးစပ်သထက် နီးစပ်လာပြီလို့ ဘီဘီစီသတင်းမှာ ရေးတယ်။ ဒတ်ခ်ျနောက်ခံလူက သူ့အကြိုက် ဟာ အန်ဖီးလ်ဖြစ်တယ်လို့ ပြောဆို ထားတာကြောင့် ချယ်လ်ဆီးနဲ့ မန် စီးတီးတို့ရဲ့ အဓိက ပစ်မှတ်တစ်ခု လွဲချော်ရတော့မယ့်ပုံ ရှိတယ်။

မန်ယူဆန်ခါတင် ဂျိုးဟတ်

မန်ယူအသင်းဟာ နံပါတ်တစ် ဂိုးသမား ဒီဂီယာကို ရီးယဲလ်ထံ လက်လွှတ်လိုက်ရမယ်ဆိုရင် အသင်းရဲ့ အားဖြည့်မယ့် ဆန်ခါတင် ဂိုးသမားစာရင်းထဲ မန်စီးတီး ဂိုးသမားဟောင်း ဂျိုးဟတ်ကို ထည့်သွင်းထားတယ်လို့ သိရတယ်။ မော်ရင်ဟိုဟာ အင်တာမီလန်ရဲ့ ဟန်ဒါနိုဗစ်၊ အေစီမီလန်ရဲ့ ဒွန်နာရမ်မာတို့ကိုလည်း ဆန်ခါတင် စာရင်းထဲ ထည့်ထားလို့ ဂျိုးဟတ် မန် ယူကစားသမား  ဖြစ်လာဖို့က ဖြစ်နိုင်ခြေ ဝေးလွန်းလှတယ်လို့ ပြော ရမယ်။

ဗာဒီကို မျက်စိကျတဲ့ အဲဗာတန်

အသင်းတိုက်စစ်မှူး လူကာ ကူက အသင်းပြောင်းဖို့ စိုင်းပြင်း နေတာကြောင့် အဲဗာတန်ဟာ အကောင်းဆုံး အစားထိုးနိုင်မယ့် တိုက်စစ်မှူးကို ရှာဖွေနေပြီး လက်စတာတိုက်စစ်မှူးဗာဒီကို မျက်စိကျနေတယ်လို့ Sunday Expressaph က ဆိုတယ်။ အင်္ဂလန် လက်ရွေးစင်တိုက်စစ်မှူးကရော အဲဗာတန် ကို သွားချင်ပါ့မလား စဉ်းစားစရာပါပဲ။

ကလပ်စံချိန်တင်ချင်တဲ့ လီဗာပူးလ်

လီဗာပူးလ်ဟာ ရိုးမားတောင် ပံကစားသမား မိုဟာမက်ဆာလေး ကို အသင်းရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ခေါ်ဖို့ ပြင် ဆင်နေတယ်လို့ Daily Telegraph က ဖော်ပြတယ်။ အီဂျစ်လက်ရွေးစင်ကို ပေါင် ၃၅ သန်းအထိ ပေးခေါ်ဖို့ ဆန္ဒရှိနေတဲ့ လီဗာပူးလ်ဟာ သည်တစ်ပတ်ထဲမှာတောင် စာချုပ်ချုပ်နိုင်မယ်လို့ မျှော်လင့်ရတယ်။

ကြေးကောင်းမှရောင်းမယ့်ဒီဂီယာ

မန်ယူအသင်းဟာ ဂိုးသမား ဒီဂီယာကို ရီးယဲလ်မက်ဒရစ် အသင်းထံ ရောင်းချဖို့ ဆန္ဒ ရှိနေပေမဲ့ ပေါင်သန်း ၈၀ ဆိုတဲ့ ကြေးကောင်း ရမှ လက်လွှတ်မယ့် သဘောရှိပါ တယ်။ စပိန်လက်ရွေးစင် ဂိုးသမား ဟာ ၂၀၁၅ ခုနှစ်ကလည်း သည် လာလီဂါ အသင်းဆီ ရောက်ရှိဖို့ နီးစပ်ခဲ့သေးပေမဲ့ နောက်ဆုံးသတ်မှတ်ရက် အချိန်ကျော်သွားတဲ့ အတွက်ပြောင်းရွှေ့မှု မအောင်မြင်ခဲ့ပါ ဘူး။ ရီးယဲလ်က အခုအထိ ဒီဂီယာကို စိတ်ဝင်စားနေသေးပေမဲ့ မန်ယူ ကတော့ စံချိန်တင်ဈေးနှုန်းဖြစ်မယ့် ကြိုက်ဈေးမရမချင်း ရောင်းချ မှာ  မဟုတ်လောက်ပါဘူး။

photo-AP

From : ကုမုဒြာဂျာနယ် by 4cus

Originally published at - http://www.kumudranews.com

No comments:

Post a Comment