မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 7, 2016

ဂိုးအများဆုံး သွင်းထားသည့် တိုက်စစ်မှူး ဘာဒီကို လက်စတာ သက်တမ်းတိုး




ပရီးမီးယားလိဂ်ကလပ် လက်စတာ စီးတီးအသင်းက တိုက်စစ်မှူး ဂျေမီ ဘာဒီကို ၃ နှစ်စာချုပ်နဲ့ သက်တမ်း တိုးလိုက် ပါတယ်။

အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူး ဗာဒီဟာ ဒီနှစ်ရာသီထဲမှာ ခြေစွမ်းပြပြီး လက်စတာ အသင်းကို အမှတ်ပေးဇယားထိပ်ရောက်အောင် အဓိကနေရာကနေ ကူညီထားပါတယ်။

သူဟာ ဒီနှစ်ရာသီထဲမှာ လက်ရှိအချိန်အထိ သွင်းဂိုးပေါင်း ၁၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နေပါတယ်။

လက်စတာက ဗာဒီကို တပတ်ကို လုပ်ခလစာ ပေါင် ၈ သောင်းပေးပြီး စာချုပ်ထားတာ ဖြစ်ပါတယ်။

ဒီအသင်းအတွက် အောင်မြင်အောင် စွမ်းဆောင်ပေးထားနိုင်လို့ ပျော်ရွှင်ရပြီး ကာလာကြာရှည် အသင်းမှာဆက်ပြီး ရှိနေစေချင်တယ်လို့ အင်္ဂလန် တိုက်စစ်မှူး ဗာဒီက ပြောပါတယ်။

သူဟာ ပထမတန်းကလပ် Fleetwood ကနေ ၂၀၁၂ မှာ လက်စတာကို ပေါင် ၁ သန်းနဲ့ ရောက်ရှိလာသူ ဖြစ်ပါတယ်။

ဗာဒီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကလတုန်းကလည်း ပရီးမီးယားလိဂ် ၁၁ ပွဲဆက်တိုက်ကို ပထမဆုံး ဂိုးသွင်းနိုင်တဲ့သူအဖြစ်လည်း စံချိန်တင်ထားပါတယ်။

By ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/134390


No comments:

Post a Comment