မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, February 8, 2016

အာဆင်နယ် ဘုန်းမောက်ကို နိုင် (ရုပ်သံ)




ဖေဖော်ဝါရီ ၈ ရက် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်က ဘုန်းမောက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃ ရက်နေ့ နောက်ပိုင်း ကတည်းက နိုင်ပွဲ မရ သေးတာ ဖြစ်ပါတယ်။

ဒီပွဲမှာတော့ ပွဲစတာနဲ့ ကစားရှိန် ဦးဆောင်ဂိုး ၂၃ မိနစ်မှာ ကွင်းလယ်သမား အိုဇေးက သွင်းယူ ပါတယ်။

နောက်ထပ် ၁ မိနစ်လောက်မှာပဲ ဒုတိယဂိုးကို ချိန်ဘာလိန်က သွင်းယူပြီး ပွဲကို ထိန်းချုပ်ကစားသွားပါတယ်။

အိမ်ရှင် ဘုန်းမောက်အသင်းက အခွင့်အရေးတွေ ရပေမယ့် အသုံးမချနိုင်လို့ ချေပဂိုးနဲ့ လွဲနေရတာပါ။

ဒီပွဲမှာ အာဆင်နယ် ကွင်းလယ်သမား ရမ်းဆေး ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

ဒီပွဲနိုင်လို့ အာဆင်နယ်ဟာ ၄၈ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို တက်လှမ်းသွားပြီး ဇယားထိပ်က လက်ဆက်စတာ စီးတီးအသင်းနဲ့ ၅ မှတ်အကွာကို ရောက်ရှိသွားပါတယ်။ ဘုန်းမောက်ကတော့ ၂၈ မှတ်နဲ့ အဆင့် ၁၅ နေရာကို လျောကျသွားပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/134451


No comments:

Post a Comment