တနင်္ဂနွေနေ့ ညက ယှဉ်ပြိုင် သွားတဲ့ စပိန် လာလီဂါ ပွဲစဉ်မှာ ရီးရဲလ် မက်ဒရစ်က ဂရန်နာဒါ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ရီးရဲလ် မက်ဒရစ်က ဒီပွဲမှာ လူစုံထုတ် ယှဉ်ပြိုင် သွားပြီး ဦးဆောင် ဂိုးကို မိနစ် ၃၀ မှာ တိုက်စစ်မှူး ဘန်ဇီမာက သွင်းယူပါတယ်။
အိမ်ရှင် ဂရန်နာဒါ အတွက် ချေပဂိုးကို မိနစ် ၆၀ မှာ သွင်းယူပါတယ်။ ရီးရဲလ်အတွက် ဒုတိယဂိုးကို ၈၅ မိနစ်မှာ ကွင်းလယ်သမား မိုဒရစ်က သွင်းယူပါတယ်။
ဒီဂိုးဟာ မိုဒရစ်အတွက် ၂၀၁၄ စက်တင်ဘာ နောက်ပိုင်းမှာ ပထမဆုံး သွင်းယူနိုင်တဲ့ ဂိုးလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ ရီးရဲလ်က ဘောလုံးကိုင်ပြီး ကစားနိုင်ပေမယ့်လည်း ဂရန်နာဒါအသင်းက အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။
ဒီပွဲနိုင်လို့ ရီးရဲလ်မက်ဒရစ်က အမှတ် ၅၀ နဲ့ အမှတ်ပေးဇယားထိပ်က ဘာစီလိုနာရဲ့နောက် ၄ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
ဂရန်နာဒါအသင်းကတော့ အမှတ် ၂၀ နဲ့ တန်းဆင်းဇုံထဲက အဆင့် ၁၉ မှာ ရှိနေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/134467
No comments:
Post a Comment