မနေ့ညက ယှဉ်ပြိုင် သွားတဲ့ စပိန် လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာက လီဗန်တေးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ဘာစီလိုနာ နည်းပြ လူးဝစ် ဟင်နရီကေး အတွက် ပွဲပေါင်း ၁၀၀ ပြည့်တဲ့ပွဲမှာ အနိုင်ရတာ ဖြစ်ပါတယ်။
ဘာကာ အတွက် ဦးဆောင်ဂိုးကို ၂၁ မိနစ်မှာ လီဗန်တေး ကစားသမား နာဗာရို ကိုယ့်ဂိုးကိုယ် သွင်းမိ ရာကနေ ရသွားတာပါ။
ဘာစီလိုနာ အတွက် ဒုတိယဂိုးကို နာကျင် အချိန်ပိုမိနစ်မှာ တိုက်စစ်မှူး ဆွာရက်က သွင်းယူပါတယ်။ ဒီဂိုးဟာ ဆွာရက် အတွက် ဒီရာသီထဲမှာ သွင်းဂိုး ၂၀ ပြည့်တဲ့ ဂိုးလည်း ဖြစ်ပါတယ်။
အဝေးကွင်း ဖြစ်ပေမယ့်လည်း ဘာကာကပဲ တဖက်သတ် ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း တန်းဆင်းဇုံထဲမှာ ရုန်းကန်နေရတဲ့ လီဗန်တေးက အကြိတ်အနယ် ယှဉ်ပြိုင်သွားလို့ ထိုးဖောက် ကန်သွင်းခွင့်တွေ အပြန်အလှန် ရခဲ့ပါတယ်။
နိုင်ပွဲဆက်တဲ့ ဘာစီလိုနာက ၅၄ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး လီဗန်တေးက ၁၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/134474
No comments:
Post a Comment