ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဝတ်ဖို့ဒ်နဲ့ လီဗာပူးတို့ မေ ၁ ရက်က ယှဉ်ပြိုင်ရာ လီဗာပူးက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ဒီပွဲရဲ့ တလုံး တည်းသော အနိုင်ဂိုးကို ပထမပိုင်း ပြီးခါနီး နာကျင် အချိန်ပိုမှာ လီဗာပူး ကွင်းလယ်လူ လူးကပ်စ်ရဲ့ပေးပို့မှုမှ တဆင့် အမ်မရီကန်က နောက်ပြန် ကန်ချက်နဲ့ လှလှပပ ကန်သွင်းပေး ခဲ့တာပါ။
ဒီအနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အမ်မရီကန်ကိုလည် ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဝတ်ဖို့ဒ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းမှုမှာပါ အသာရခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့ လီဗာပူးက ရမှတ် ၆၉ မှတ်နဲ့ အဆင့် ၃ မှာ ဆက်လက်ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်အတွက် အလားအလာကောင်းမွန်နေပါတယ်။
ဝတ်ဖို့ဒ်ကတော့ ရမှတ် ၄၀ နဲ့ အဆင့် ၁၃ မှာပဲ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ by လွှမ်းမိုးအောင်
Originally published at - http://burmese.dvb.no/archives/204235
No comments:
Post a Comment