ဖေဖော်ဝါရီ ၈ ရက်က ယှဉ်ပြိုင် သွားတဲ့ အသင်းကြီး ၂ အသင်း ထိပ်တိုက် တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက နောက်ကျ သွင်းဂိုးနဲ့ မန်ယူနဲ့ ၁ ဂိုးစီ သရေကျ သွားပါတယ်။
အသင်းကြီး ၂ သင်း တွေ့တာ ဖြစ်လို့ ပွဲစတာ အကြိတ် အနယ် ယှဉ်ပြိုင် သွားပြီး ပထမပိုင်းမှာ မန်ယူက ထိုးဖောက် ကန်သွင်းခွင့် ပိုရ ခဲ့ပါတယ်။
တိုက်စစ်မှူး မာရှယ်ရဲ့ ကန်သွင်းချက်ကို ချဲလ်ဆီး ဂိုးသမား ကော်တွိုက်စ် ကာကွယ်နိုင် ခဲ့ပါတယ်။ မန်ယူ ဂိုးသမား ဒီဂီယာလည်း ချဲလ်ဆီး ကစား သမား မာတစ်ရဲ့ ခေါင်း တိုက်ချက်ကို လက်စွမ်းပြ ကာကွယ်နိုင် ခဲ့ပါတယ်။
မန်ယူအတွက် ဦးဆောင်ဂိုးကို ၆၁ မိနစ်မှာ တောင်ပံဖြတ်တင်ဘောကနေ လင်ဂတ်က သွင်းယူပါတယ်။
မန်ယူက အနိုင်ရလဒ်နဲ့ အဆုံးသတ်တော့မလို ဖြစ်နေတုန်း နာကျင်အချိန်ပိုမိနစ်မှာ ချဲလ်ဆီး တိုက်စစ်မှူး ကော်စတာက ချေပဂိုး သွင်းယူပြီး သရေတမှတ်စီ ခွဲယူလိုက်ရပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ်ကိုတော့ မန်ယူဂိုးသမား ဒီဂီယာက သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
ဒီပွဲသရေကျလို့ မန်ယူက ၄၁ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး ချဲလ်ဆီးကတော့ အမှတ် ၃၀နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/134445
No comments:
Post a Comment