မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 7, 2016

ကစားသမားများ ပိုမိုကြိုးစားရန် လိုအပ်ဟု ရှမ်းယူနိုက်တက် နည်းပြ သတိပေး



ရှမ်းယူနိုက်တက် နည်းပြချုပ် ရူသာ။ (ဓာတ်ပုံ - ရှမ်းယူနိုက်တက်)

ဖေဖော်ဝါရီ ၇၊ ရန်ကုန်

မြန်မာနေရှင်နယ်လိ ဂ်ပွဲစဉ် (၅) တွင် ဧရာဝတီ ယူနိုက်တက် အသင်းကို ၂ - ၀ ဂိုးဖြင့် ရှုံးခဲ့သော ပွဲအပြီး၌ ရှမ်းယူနိုက်တက် နည်းပြချုပ် ရူသာက အလုပ် ပိုမို ကြိုးစားရန် ကစားသမား များကို သတိပေး ပြောကြား ခဲ့သည်။

ရှမ်းယူနိုက်တက် အသင်းသည် အဆိုပါပွဲတွင် ရလဒ်ပိုင်း အရ ရှုံးခဲ့ သလို အားထားရသော အီရန် တိုက်စစ်မှူး ဘီးရှက်လည်း အနီကတ်ပြ ထုတ်ပယ် ခံခဲ့ ရသည်။

“ကျွန်တော်တို့ အပြောင်းအလဲ လုပ်ဖို့ လိုနေပါပြီ။ အားလုံး အလုပ်ကို ဒီထက် ပိုလုပ်ဖို့ လိုပါတယ်။ အသင်းလိုက် စိတ်ဓာတ် အားကောင်းအောင် လုပ်ရမယ်။ ပွဲရှုံးနေတဲ့ အချိန် ဒီစိတ်ဓာတ်က ပိုလိုအပ် ပါတယ်။

ဘောလုံးပွဲ တစ်ပွဲရှုံး ရင်တော့ ပြဿနာတွေ အများကြီး တွေ့တတ် တာပါပဲ။”ဟု ရူသာကဆိုသည်။

ရှမ်းယူနိုက်တက်အသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင်ချန်ပီယံဖြစ်ရန်အတွက် ပြင်ဆင်မှုကြီးကြီးမားမားပြုလုပ် ထားသော်လည်း မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၅)အပြီးတွင် နိုင်ပွဲ ၁ပွဲသာ ရရှိထားသေးသည်။

ရှမ်းအသင်းသည် ယခုနှစ်အပြောင်းအရွှေ့ဈေးကွက်အတွင်း ပြည်တွင်း၊ပြည်ပကစားသမား ခေါ်ယူရာတွင် စံချိန်တင် ငွေကြေး သုံးစွဲမှုလည်း ပြုလုပ်ခဲ့သည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/10881


No comments:

Post a Comment