မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 7, 2016

ပရီးမီးယားလိဂ် လီဗာပူး ၂-၂ ဆန်းဒါးလန်း (ရုပ်သံဟိုက်လိုက်)




ဖေဖော်ဝါရီ ၆ ရက်နေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူး အသင်းက ဆန်းဒါးလန်းကို ဦးဆောင်ဂိုး ၂ ဂိုး သွင်းပြီးမှ သရေ ကျပြီး တမှတ်စီ ခွဲယူ လိုက်ရ ပါတယ်။

လီဗာပူးအတွက် ဦးဆောင်ဂိုးကို ၅၉ မိနစ်မှာ ဖာမီနိုက ခေါင်းတိုက် သွင်းယူပါတယ်။

ဒီပွဲမှာ လီဗာပူးနည်းပြ ဂျာကန် ကလော့ အူအတက်ရောင်တဲ့ ဝေဒနာကြောင့် ပွဲစဉ်ကို လာရောက် ကြီးကြပ်နိုင်ခြင်း မရှိခဲ့ပါဘူး။

လီဗာပူးအတွက် ဒုတိယဂိုးကို မိနစ် ၇၀ မှာ ဆန်းဒါးလန်း နောက်တန်းရဲ့ အမှားကနေ လာလာနာက သွင်းယူပါတယ်။

တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ ဆန်းဒါးလန်းအတွက် ချေပဂိုးကို ဖရီးကစ်ကနေတဆင့် ၈၂ မိနစ်မှာ ဂျွန်ဆင်က သွင်းယူပါတယ်။

လီဗာပူးက အိမ်ကွင်းမှာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်းအထိ ဖိကစားနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ရခဲ့ပါတယ်။

ပွဲပြီးဖို့ ၁ မိနစ်လောက်အလိုမှာ ဆန်းဒါးလန်းအတွက် ချေပဂိုးကို တိုက်စစ်မှူး ဒီဖိုးက တဖက်နောက်ခံလူတွေ ကြားထဲကနေ သွင်းယူပါတယ်။

လီဗာပူး ပရိသတ် ထောင်ပေါင်းများစွာကတော့ ပွဲကြည့်ခ လက်မှတ်ဈေးနှုန်းတက်တာကို မကျေနပ်လို့ ပွဲမပြီးခင်မှာပဲ ဆန္ဒပြတဲ့အနေနဲ့ ပွဲကနေ ထွက်ခွာသွားခဲ့ ပါတယ်။

ဒီပွဲသရေကျလို့ လီဗာပူးက ၃၅ မှတ်န့ အဆင့် ၉ မှာ ရှိနေပြီး ဆန်းဒါးလန်းက အမှတ် ၂၀ နဲ့ အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/134351


No comments:

Post a Comment