မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, June 8, 2017

ဖူဆယ်လိဂ် ပြိုင်ပွဲတွင် ပြည် ယူနိုက်တက် အသင်း ပထမဆုံး အကြိမ် ချန်ပီယံဖြစ်




မြန်မာ အမျိုးသား ဖူဆယ်လိဂ် ပြိုင်ပွဲမှာ ပြည် ယူနိုက်တက် အသင်းက ဒုတိယ aနရာက MIC အသင်းကို ၃ မှတ်ဖြတ်ပြီး ပထမဆုံး အကြိမ် ချန်ပီယံဖြစ် ခဲ့ပါတယ်။

ဖူဆယ်လိဂ် နောက်ဆုံး အပတ် ပွဲစဉ် jဖစ်တဲ့ ပွဲစဉ် ၁၈ ကို ဇွန်လ ၇ ရက်က ယှဉ်ပြိုင် ကစားခဲ့ကာ ပြည်ယူနိုက်တက် အသင်းက White Colour အသင်းကို ၁၅ ဂိုး ၅ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆု ရယူနိုင် ခဲ့တာပါ။

တခြားပွဲစဉ်တွေမှာတော့ MIC က UPT ကို ၁၁ ဂိုး ၃ ဂိုး၊ UM အသင်းက ရာမညအသင်းကို ၅ ဂိုး ၄ ဂိုး၊ ရန်ကုန်စီးတီးက မြို့မအသင်းကို ၁၃ ဂိုး ၃ ဂိုး၊ VUC အသင်းကို Titan 12 အသင်းကို ၅ ဂိုး ၃ ဂိုး ရလဒ်တွေနဲ့ နိုင်ပွဲရခဲ့ပါတယ်။

ပြိုင်ပွဲအပြီးမှာ MIC အသင်းက ဒုတိယရခဲ့ပြီး VUC အသင်းက တတိယ၊ Titan 12 အသင်းက အသန့်ရှင်းဆုံးအသင်းဆု ရခဲ့ပါတယ်။

ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆုကို ပြည်ယူနိုက်တက်အသင်းက ပြည့်ဖြိုးမောင်နဲ့ အကောင်းဆုံးဂိုးသမားဆုကိုတော့ ရန်ကုန်စီးတီးက မြတ်ကျော်အောင်က ရရှိခဲ့ပါတယ်။

ဆုကြေးအဖြစ် ချန်ပီယံဆုရတဲ့ ပြည်ယူနိုက်တက်က ကျပ်သိန်း ၁၀၀၊ ဒုတိယရတဲ့ MIC က ၇၅ သိန်း၊ တတိယရတဲ့ VUC က ကျပ်သိန်း ၅၀ ရခဲ့ပါတယ်။

ပြည်ယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ် မြန်မာဖူဆယ်လိဂ်မှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် အာရှကလပ်အသင်းများ ဖူဆယ်ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/211165

No comments:

Post a Comment