မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, June 8, 2017

ဂျူဗင်တပ် အသင်းက နည်းပြ အယ်လီဂရီကို ၂ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို




အီတလီ ချန်ပီယံ ဂျူဗင်တပ် နည်းပြ အယ်လီ ဂရီကို အသင်းက နောက်ထပ် ၂ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို လိုက်ပါတယ်။

အသက် ၄၉ နှစ် အရွယ် အီတလီနိုင်ငံသား အယ်လီဂရီဟာ ၂၀၁၄ မှာ အေစီမီလန် အသင်း နည်းပြကနေ ဂျူဗင်တပ်ကို ပြောင်းလာ ခဲ့ပြီး သူကိုင်တွယ် ခဲ့တဲ့ ၃ ရာသီလုံး အီတလီ အမှတ်ပေး ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင် ခဲ့ပါတယ်။

ဒါ့အပြင် ကိုပါဖလား ၃ လုံးနဲ့ စူပါ ကိုပါအီတာလျံဖလား ၁ လုံးကိုလည်း ယူပေးနိုင်ခဲ့တာပါ။

အယ်လီဂရီဟာ ဂျူဗင်တပ်ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၂ ကြိမ်တက်အောင်လည်း စွမ်းဆောင်ထားနိုင်ပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/211116

No comments:

Post a Comment