မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, June 9, 2017

ဘင်ဖီကာ ဂိုးသမားကို မန်စီးတီး ခေါ်ယူ




မန်ချက်စတာ စီးတီး အသင်းက ပေါ်တူဂီ ကလပ် ဘင်ဖီကာ ဂိုးသမား အက်ဒါဆန် မိုရိုက်စ်ကို ပေါင် ၃၅ သန်းပေးပြီး ခေါ်ယူ လိုက်ပါတယ်။

ဂိုးသမား အက်ဒါဆန်ဟာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး အသင်းကို လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ ရောက်ရှိ မှာပါ။

အသက် ၂၃ နှစ် အရွယ် ဂိုးသမားဟာ ဘင်ဖီကာအသင်းနဲ့ အတူ ဒီနှစ်ထဲမှာ ပေါ်တူဂီ အမှတ်ပေးလိဂ် အပါအဝင် ဆုဖလား ၂ ခု ရရှိ ထားပါတယ်။

ဘရာဇီး ဂိုးသမား အက်ဒါဆန် ကတော့ မန်စီးတီးနဲ့ အတူ လာမယ့် ရာသီတွေမှာ ဆုဖလားတွေနဲ့ အောင်မြင်မှုတွေ ရယူဖို့ ကြိုးစား သွားမယ်လို့ ပြောဆိုပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ အဆင့် ၃ နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဓာတ်ပုံ - Getty

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/211368

No comments:

Post a Comment