မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 10, 2017

တိုက်စစ်မှူး ဝိန်းရွန်နီ မန်ယူတွင် ဆက်နေဖွယ်ရှိ




မန်ယူ တိုက်စစ်မှူး ဝိန်း ရွန်နီဟာ အသင်း ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ် နေပေမယ့် စာချုပ် ကုန်ဆုံးတဲ့ အထိ မန်ယူ အသင်းမှာ ဆက်နေဖို့ ရှိနေ ပါတယ်။

အင်္ဂလန် ကစားသမား ရွန်နီ အနေနဲ့ မန်ယူ အသင်းမှာ ပွဲထွက်ခွင့် နည်းပါး နေပေမယ့် တရုတ် ကလပ်တွေ အပါအဝင် အသင်းဟောင်း အဲဗာတန် အသင်း ကိုလည်း ပြောင်းရွှေ့လိုခြင်း မရှိတာကြောင့် မန်ယူ အသင်းမှာ ဆက်နေဖို့ စဉ်းစားနေတာပါ။

ဒါပေမယ့် နောက်ဆုံး အပြီးသတ် ဆုံးဖြတ်ချက် ကိုတော့ အားလပ်ရက်တွေ အပြီးမှာ ဆုံးဖြတ် သွားမယ်လို့ သိရပါတယ်။

မန်ယူ အသင်းခေါင်းဆောင် ရွန်နီဟာ အသင်းနဲ့ စာချုပ် သက်တမ်း တနှစ်ပဲ ကျန်ရှိတော့ တာဖြစ်ပြီး သူ့ရဲ့ မြင့်မားလှတဲ့ လုပ်ခကြောင့် မန်ယူအသင်းက ရောင်း ချသွားဖို့ ဆန္ဒရှိနေ ပါတယ်။

အဲဗာတန် အသင်းကလည်း သူ့ရဲ့ တပတ်လုပ်ခ ပေါင် ၂ သိန်းခွဲကို ပေးချေနိုင်ခြင်း မရှိတာကြောင့် အသင်းဟောင်းကို ပြန်ကစားဖို့လည်း အဆင်မပြေ ဖြစ်နေ တာပါ။

မန်ယူနည်းပြ မော်ရင်ဟို အနေနဲ့ လာမယ့်ရာသီမှာ အသင်းရဲ့ တိုက်စစ်နေရာ အတွက် အဲဗာတန် တိုက်စစ်မှူး လူကာကူ၊ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး မိုရာတာ တို့ကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/211553

No comments:

Post a Comment