
ယူရိုပြိုင်ပွဲ အုပ်စု စီ မှာ နာမည်ကြီး ဂျာမနီက တလုံး တည်းသော အနိုင်ဂိုးနဲ့ မြောက် အိုင်ယာလန်ကို အနိုင်ရ သွားပါတယ်။
ဂျာမနီအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး ဂိုမက်က ၂၉ မိနစ်မှာ သွင်းယူ ပါတယ်။
ဂျာမနီဟာ အခွင့်အရေး တော်တော်များများ ရပေမယ့် အသုံးမချနိုင်လို့ တဂိုးတည်းနဲ့ အနိုင်ရတာပါ။
ဒီပွဲရှုံးပေမယ့် မြောက်အိုင်ယာလန်က အုပ်စုတွင်းမှာ အကောင်းဆုံး တတိယရတဲ့ အသင်းအနေနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီး ရှုံးထွက်အဆင့်မှာ ဝေးလ်နဲ့ ယှဉ်ပြိုင်ရမှာပါ။
ဒီပွဲမှာ ဂျာမနီဘက်က သွင်းဂိုးတော်တော်များများကို ကာကွယ်သွားနိုင်တဲ့ မြောက်အိုင်ယာလန် ဂိုးသမား မက်ဂါဗန်က အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။
ဒီပွဲမှာ ဂျာမနီက ဘောလုံးပိုင်ဆိုင်မှု ၇၉ ရာခိုင်နှုန်းနဲ့ ကန်သွင်းခွင့် ၂၈ ကြိမ်အထိ ရခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/155816

No comments:
Post a Comment