
ယူရို လက်ရှိ ချန်ပီယံ စပိန် အသင်းဟာ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ခရိုအေးရှားကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့် သွားပါတယ်။
ဒီပွဲရှုံးလို့ စပိန်ဟာ အုပ်စု ဒီ မှာ ၆ မှတ်နဲ့ ဒုတိယ aနရာပဲ ရတဲ့ အတွက် ရှုံးထွက် အဆင့်မှာ နာမည်ကြီး အီတလီနဲ့ ရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။
ပွဲအစ ၇ မိနစ်မှာ တိုက်စစ်မှူး မိုရာတာရဲ့ သွင်းဂိုးနဲ့ စပိန်က ဦးဆောင်နိုင်ခဲ့ပါတယ်။
ခရိုအေးရှားအတွက် ချေပဂိုးကို ၄၅ မိနစ်မှာ ကာလီနစ်က သွင်းယူပါတယ်။
၇၂ မိနစ်မှာ စပိန်က ပင်နယ်တီရပေမယ့် ရာမို့စ် ကန်သွင်းတာ မ၀င်လို့ အပိုင်တဂိုး နစ်နာသွားရပါတယ်။
ရာမို့စ်ဟာ စပိန်ကစားသမားတွေထဲမှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံး ပင်နယ်တီလွဲတဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
ခရိုအေးရှားအတွက် အနိုင်ဂိုးကို ၈၇ မိနစ်မှာ ပီရီဆစ်က သွင်းယူပါတယ်။
စပိန်အတွက်တော့ ယူရိုပြိုင်ပွဲမှာ ၂၀၁၄ နောက်ပိုင်း ပထမဆုံး ရှုံးပွဲတွေ့သွားတာလည်း ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/155813

No comments:
Post a Comment