
ဘာစီလိုနာ အသင်းရဲ့ ဘရာဇီး အကျော်အမော် တိုက်စစ်မှူး Neymar ဟာ အခြားသော ဘောလုံးပွဲတွေ ကြည့်ရ တာကို မကြိုက်ဘဲ ဘောလုံး ကစား ရတာကိုသာ နှစ်သက်တယ်လို့ ပြောလိုက် ပါတယ်။ သူဟာ ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူး မက်ဆီ ဒဏ်ရာ ရရှိနေတဲ့ အချိန်မှာ ခြောက်ပွဲမှာ ရှစ်ဂိုး အထိ သွင်းယူပေး ခဲ့ပြီး နည်းပြ Enrique ကို အကောင်းဆုံး အထောက် အပံ့ ပေးခဲ့နိုင် ပါတယ်။
“ကျွန်တော်ဟာ ဘောလုံးကစားရတာကို ကြိုက်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ ဘောလုံးပွဲကြည့်ရတာ မကြိုက်ပါဘူး။ ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်တွေက လွဲရင်တခြားဘယ်ပွဲဖြစ်ဖြစ် စိတ်မဝင်စားပါဘူး။” လို့ Neymar က ပြောပါတယ်။ သူ့ရဲ့ ကစားသမားဘဝမှာ အမှတ်တရအဖြစ်ဆုံးကလည်း အယ်လ်ကလာစီကို ပွဲစဉ်မှာတုန်းက ဂိုးသွင်းနိုင်ခဲ့တာပါ လို့ ပြောပါတယ်။
“ ကျွန်တော် ဘာစ်ီလိုနာအသင်းနဲ့ ကစားသမားတွေ အကုန်လုံးကို ချစ်ပါတယ်။ ဘာစီလိုနာမှာ ကစားသမားကောင်းတွေ ရှိနေပြီး အချိန် အတော်ကြာကြာထိ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ထင်ပါတယ်လို့ ဘာစီလိုနာ အသင်းမှာ ကစားနေတဲ့ အချိန်မှာ တခြားဘောလုံးပွဲတွေကို စိတ်မဝင်စားဘူးလို့ ” Neymar က ပြောပါတယ်။
Ballon d'Or ဆုဟာလည်း Ronaldo နဲ့ Messi တို့သာ ပြိုင်ဘက်တွေဖြစ်ပြီး သူကတော့ စိတ်ဝင်စားခြင်းမရှိသေးဘဲ အသင်းဖော်တွေကိုသာ အကောင်းဆုံးကူညီသွားမယ်လို့ ပြောခဲ့တယ်လို့လည်း သိရပါတယ်။
Ref: Goal.com
Original link - http://sports.thithtoolwin.com/2015/11/neymar_6.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment