
ချန်ပီလိဂ် ဖလားကို မိခင် နိုင်ငံ ကာဒစ်ဖ် မြို့မှာ ရရှိခဲ့ တာဟာ အိပ်မက်တွေ လက်တွေ့ အကောင် အထည်ပေါ် လာတာလို့ ရီးရဲလ် တောင်ပံ ကစားသမား ဂါရက် ဘေးလ်က ပြောပါတယ်။
ဘေးလ်က သူ့အနေနဲ့ ဒီရာသီမှာ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ သမိုင်းအသစ်တွေက်ု ရေးထိုးနိုင်ခဲ့ပြီးတော့ သူ့နိုင်ငံအနေနဲ့ အခုလို ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်တာကြောင့် ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။
တိုက်စစ်မှူး အစ္စကိုကလည်း ဂျူဗင်တပ်စ်အသင်းဟာ ကျောက်ဆောင်ကြီးဖြစ်ပေမယ့် သူတို့အသင်းကတော့ ဒိုင်းနမိုက်တွေဖြစ်သွားတာလို့ ပွဲအပြီးမှာပြောကြားခဲ့တာပါ။
ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လာလီဂါအမှတ်ပေးဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိထားခဲ့ပြီးတော့ ဥရောပစူပါဖလားအဖြစ် ယူရိုပါလိဂ်ချန်ပီယံ မန်ယူအသင်းနဲ့ ဩဂုတ် ၈ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/210375

No comments:
Post a Comment