မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, June 5, 2017

ရီးရဲလ်မက်ဒရစ်တွင် ဆက်ရှိမည်ဟု တိုက်စစ်မှူး ဘေးလ် ပြော




ဝေးလ် တိုက်စစ်မှူး ဂါးရတ် ဘေးလ်က သူ့အနာဂတ်ဟာ ရီးရဲလ် မက်ဒရစ် အသင်းမှာ ဆက်ရှိနေ မယ်လို့ ပြောပါတယ်။

တိုက်စစ်မှူး ဘေးလ်ဟာ ရီးရဲလ်က ဂျူဗင်တပ်ကို အနိုင်ရတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၇၇ မိနစ်ကျမှ လူစားဝင် ကစားသမား အဖြစ် ပါဝင် ကစားခဲ့ ပါတယ်။

အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှူး ဘေးလ်ဟာ ရီးရဲလ်အသင်းနဲ့ ၂၀၂၂ အထိ စာချုပ် ချုပ်ဆို ထားပါတယ်။

အသင်းက ဆုဖလားတွေ အများကြီးရထားသလို မိသားစုကလည်း ဒီမှာ ပျော်ရွှင်နေတယ်လို့ ဘေးလ်က ပြောပါတယ်။

သူဟာ တော့တင်ဟမ်ဟော့စပါးစ်အသင်းကနေ ၂၀၁၃ မှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာတာပါ။

ဘေးလ်ဟာ ဒီနှစ်ရာသီထဲမှာ ဒဏ်ရာကြောင့် အသင်းမှာ ပုံမှန် ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/210536

No comments:

Post a Comment