Sunday, June 4, 2017
ပြင်သစ် အိုးပင်းတွင် အန်ဒီမာရေး ရှေ့ဆက်နိုင်ပြီး ရက်ဝမ်စကာ ရှုံးနိမ့်
ပါရီမြို့တွင် ကစားနေသော ပြင်သစ် အိုးပင်း ပြိုင်ပွဲ၌ ဗြိတိန်မှ အန်ဒီမာရေးက အာဂျင်တီးနားမှ ဟွမ်မာတင် ဒယ်လ်ပေါ် ထရိုကို ၇-၆ (၈)၊ ၇-၅၊ ၆-၀ ဖြင့် သုံးပွဲ ပြတ် အနိုင် ရရှိပြီး နောက်ဆုံး ၁၆ ဦး အဆင့်သို့ တက်ရောက်သွား သည်။
မာရေးသည် ၎င်းတို့၏ နောက်ဆုံးအကြိမ်နှင့် တစ်ခု တည်းသော ဂရင်းဆလမ်တွေ့ဆုံ မှု၌ ရှုံးနိမ့်ခဲ့သော ဒယ်လ်ပေါ်ထရို ကို သတိထားကစားခဲ့ပြီး အမှား အနည်းဆုံးဖြင့် အနိုင်ယူခဲ့သည်။
အမျိုးသမီး ဘက်ခြမ်းတွင် ရိုမေးနီးယားမှ ဆီမိုနာဟာလက် က ရုရှားမှ လူငယ်ကာဆစ်ကီ နာကို ၆-၀၊ ၇-၅ ဖြင့် ဒုတိယပွဲ ငယ်တွင် ခက်ခက်ခဲခဲကစားခဲ့ရ ကာ အနိုင်ရရှိခဲ့သည်။
ပိုလန်နိုင်ငံမှ နိုင်ခြေအဆင့် (၉) ရက်ဝမ်စကာမှာမူ အိမ်ရှင် ပြင်သစ်ကစားသမား အဲလစ် ကော်နက်နှင့် တွေ့ဆုံခဲ့ပြီး ၆-၂၊ ၆-၁ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
‘‘ပြောစရာစကားလုံးမရှိ ဘူး။ ပြိုင်ပွဲရဲ့ အဓိကကွင်းမှာ အ ကောင်းဆုံးကစားနိုင်ခဲ့တယ်’’ ဟု ဝမ်းသာအားရဖြစ်နေသော ကော် နက်က ပြောသည်။
—Ref:Reuters
From : 7 DAy daily news
Originally published at - http://www.7daydaily.com/story/98007
Labels:
တင်းနစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment