မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 6, 2015

စီအန်အန် အသံလွှင့်ဌာနကို ရီဘာရီ တရားစွဲ



ဓာတ်ပုံ - ရိုက်တာ

အမေရိကန် ပြည်ထောင်စု အသံလွှင်ဌာန စီအန်အန်ကို ပြင်သစ်နဲ့ ဘိုင်ယန် ကစားသမား ရီဘာရီက တရား စွဲဆို လိုက်ပါတယ်။

ခွင့်ပြုချက် မရှိဘဲ ရီဘာရီရဲ့ ဓာတ်ပုံကို ရောဂါ ကုထုံးတခု အစီအစဉ်မှာ အသုံးပြုတဲ့ အတွက် တရား စွဲဆိုလိုက် တာလို့ သူ့ရဲ့ ရှေ့နေ ကာလိုအယ်ဘတ်တိုဘူဆာက ပြောပါတယ်။

လူမှုရေးကွန်ရက် တွစ်တာမှာ ဆေးကုသမှု ခံနေရင် သေဆုံးသွားတဲ့ အမျိုးသမီးတဦးနဲ့ ပတ်သက်တဲ့ အကြောင်း ဖော်ပြရမှာ ဒီဓာတ်ပုံကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ရီဘာရီက ဒီဌာန အတွက် ဓာတ်ပုံကို အသုံးပြုဖို့ အတွက် တစုံတရာ သဘောတူညီချက်နဲ့ လုပ်ပိုင်ခွင့် ပေးမထားဘူးလို့ ရှေ့နေက ပြောပါတယ်။

ဒီအတွက် ပြင်သစ်တရားရုံးကို သွားပြီး အမေရိကန် ဒေါ်လာ ၁.၅ သန်းတောင်းခံဖို့ မိသားစုနဲ့ ရီဘာရီက ညွန်ကြားထားတယ်လို့ ဆိုပါတယ်။

မတ်လ ချန်ပီယံလိဂ် ပွဲစဉ် ရှက်တာဒိုးနပ်နဲ့ ကစားတဲ့ ပွဲစဉ်က ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကနေ ရီဘာရီက သက်သာလာပြီ ဖြစ်ပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/120601

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment