
နိုဝင်ဘာ ၆ ရက် ဂျာမနီ ဘွန်ဒစ်လီဂါက ဟန်နိုဗာနဲ့ ဟယ်သာဘာလင်တို့ ကစားတဲ့ပွဲမှာ ဟယ်သာဘာလင်က ၃ ဂိုး ၁ ဂိုးနဲ့ ဟယ်သာဘာလင်က အနိုင်ရရှိသွားပါတယ်။
ပထမပိုင်း ၃၂ မိနစ်မှာ ဟယ်သာဘာလင်က ဆော်လမွန်ကာလူးက အဖွင့်ဂိုး စတင်သွင်းယူပါတယ်။ ဟန်နိုဗာက ပြန်လည်တိုက်စစ်ဆင်ခဲ့ပေမယ့် ဂိုးအဖြစ် ဖန်တီးနိုင်ခဲ့ခြင်း မရှိလို့ ဟယ်သာဘာလင်က ပထမပိုင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း မိနစ် ၆၀ မှာတော့ ကာလူးကပဲ ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ မိနစ် ၇၀မှာ ဟန်နိုဗာက ပင်နယ်တီကနေ တဆင့် ချေပဂိုး တဂိုးကို သွင်းယူသွားပါတယ်။
ဒီနောက် ၈၆ မိနစ်မှာ ပင်နယ်တီကနေ တဆင့် ကာလူးက တတိယမြောက်ဂိုးကို သွင်းယူပြီး ဟက်ထရစ် ရယူသွားခဲ့ပါတယ်။
ဒီပွဲအနိုင်ကြောင့် ဟယ်သာဘာလင်က ဘွန်ဒစ်လီဂါ အမှတ်ပေးဇယား နံပါတ် ၄နေရာမှာ ရပ်တည်နေပြီး ဟန်နိုဗာကတော့ နံပါတ် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/120593
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment