မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, June 22, 2017

ကွင်းလယ်လူ ရမ်ဆေးကို စာချုပ် သက်တမ်းတိုးရန် အာဆင်နယ် ပြင်ဆင်




အာဆင်နယ် အသင်းဟာ ကွင်းလယ် ကစားသမား ရမ်ဆေးကို စာချုပ် သက်တမ်း တိုးဖို့ ပြင်ဆင် နေပါတယ်။

ဝေးလ် လက်ရွေးစင် ကစားသမား အာရွန် ရမ်ဆေးဟာ အာဆင်နယ် အသင်းနဲ့ ၂ နှစ် စာချုပ် သက်တမ်းပဲ ကျန်ရှိတော့တာပါ။

ဒီနှစ်မှာ စာချုပ် သက်တမ်း တိုးဖို့ အဆင်မပြေ ခဲ့ဘူးဆိုရင် ဆန်းချက်ဇ်နဲ့ အိုဇေးလ်တို့လို စာချုပ် သက်တမ်း တိုးဖို့ အဆင်မပြေဖြစ်မှာကို အာဆင်နယ် အသင်းက စိုးရိမ်နေတာပါ။

အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့ဟာ စာချုပ်သက်တမ်း ၁ နှစ်ပဲ ကျန်ရှိတော့တာကြောင့် ဒီနှစ်မှာ သက်တမ်း တိုးဖို့ အဆင်မပြေခဲ့ဘူးဆိုရင် လာမယ့်နှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးရမှာပါ။

ဒီလိုအခြေအနေ မတွေ့ကြုံရဖို့အတွက် အာရွန်ရမ်ဆေးကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးသွားမှာဖြစ်ပြီး လုပ်ခလစာလည်း တိုးမြှင့်ပေးရဖွယ် ရှိနေပါတယ်။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမား ရမ်ဆေးဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းအတွက် စုစုပေါင်း ၃၂ ပွဲ ကစားခဲ့ပြီး ၄ ဂိုး သွင်းခဲ့ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/213848

No comments:

Post a Comment