မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, June 13, 2017

မန်ယူက ပစ်မှတ်ထားခဲ့တဲ့ ဂရိဇ်မန်း အသလက်တီကိုနဲ့ စာချုပ် သက်တမ်းတိုး


မန်ချက်စတာ ယူနိုက်တက်က ပစ်မှတ် ထားခဲ့တဲ့ ဂရိဇ်မန်းနဲ့ အသလက်တီကို မက်ဒရစ်တို့ စာချုပ် သက်တမ်း တစ်နှစ်တိုးပြီး ချုပ်ဆို လိုက်ကြောင်းနဲ့ စာချုပ်သစ် အရ ဂရိဇ်မန်းဟာ အသလက် တီကိုမှာ ၂၀၂၂ ခုနှစ် အထိ ဆက်ရှိ နေမယ်လို့ ကလပ် အသင်း ဥက္ကဋ္ဌက ပြောကြား ပါတယ်။ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား စာရင်းမှာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ နောက် တတိယနေရာမှာ ရပ်တည်နိုင် ခဲ့တဲ့ ဂရိဇ်မန်းဟာ လတ်တလော ရက် သတ္တပတ် အတွင်း အပြော င်းအရွှေ့အတွက် မန်ယူနဲ့ ဆက်သွယ် မှုများ ရှိခဲ့ ပါတယ်။ အသက် ၂၆ နှစ်အရွယ် ပြင်သစ် လက်ရွေးစင်က ပြီးခဲ့တဲ့ လအတွင်း Quotidien ရုပ်မြင်သံကြား အစီအစဉ်မှာ မန်ယူသို့ ပြောင်းရွှေ့ရန် ဖြစ်နိုင်ကြောင်း ပြောခဲ့ဖူး ပါတယ်။ အသလက်တီကို တိုက်စစ်မှူး ဂရိဇ်မန်းက မန်ယူကို ပြောင်းရွှေ့နိုင်ခြေ ၆၀ ရာခိုင်နှုန်းဖြစ် တယ်လို့ အဆိုပါ ရုပ်သံ အစီအစဉ်မှာ ပြော ခဲ့ကြောင်း သိရပါတယ်။ ယနေ့ (ဇွန်လ ၁၃ ရက်) မှာတော့ အသလက်တီကို ဥက္ကဋ္ဌ အန်းနရစ်စီရီဇိုက "ဂရိဇ်မန်း အသင်းမှာဆက်နေမယ်လို့ ကျွန်တော် အမြဲတမ်း ပြောခဲ့ပါတယ်၊ ကျွန်တော်တို့ သူ့ကို ဆက်ထိန်းထားနိုင်ပါတယ်၊ သူ့အတွက် လုပ်ခလစာ တိုးပေးခဲ့ပါတယ်" လို့ စပိန်ရေဒီယို အစီအစဉ်တစ်ခုကို ပြောသွားပါတယ်။ စပိန်မီဒီယာတွေက ဖော်ပြမှုအရ ဂရိဇ်မန်းဟာ စာချုပ်အသစ်အရ အသလက်တီကိုအသင်း သမိုင်းတစ်လျှောက် လုပ်ခလစာအမြင့်ဆုံး ကစားသမားဖြစ်လာကြောင်းလည်း သိရပါတယ်။ ဂရိဇ်မန်းဟာ တစ်နှစ်လျှင် လုပ်ခလစာ အမေရိကန်ဒေါ်လာ ၁၅.၇ သန်း ရရှိမယ်လို့ စပိန်သတင်းတွေက ပြောပါတယ်။ ဥက္ကဋ္ဌ စီရီဇိုက ဂရိဇ်မန်းရဲ့ စာချုပ်သက်တမ်းတိုးမှုကို အတည်ပြုလိုက်ချိန်မှာ အသလက်တီကိုအသင်း အနေနဲ့ စာချုပ်ကိစ္စနဲ့ လုပ်ခလစာတိုးမြှင့်မှုအပေါ် ထုတ်ပြန်မှု မရှိသေးဘူးလို့ ဆိုပါတယ်။ အသလက်တီကိုအား ကစားသမားသစ်ခေါ်ယူခြင်း ပိတ်ပင်မှုကို အားကစားခုံရုံးက အတည်ပြုခဲ့ခြင်းက ဂရိဇ်မန်း အသင်းမှာဆက်နေမယ်လို့ ဆုံးဖြတ်ခဲ့ခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြပါတယ်။ ပိတ်ပင်မှုအရ အသလက်တီကိုဟာ ၂၀၁၈ ခုနှစ်အထိ ကစားသမားသစ် စာချုပ်ခေါ်ယူနိုင်မှာ မဟုတ်ပါဘူး။ ဂရိဇ်မန်းဟာ အသလက်တီကိုအသင်းကို ၂၀၁၄ ခုနှစ်က ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ဖြင့် ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ဂရိဇ်မန်းက အသလက်တီကိုအတွက် ၄၁ ပွဲကစားပြီး ၂၆ ဂိုး သွင်းယူခဲ့ကြောင်း သိရပါတယ်။ Source & Photo: Reuters From : Duwun by KJ Originally published at - http://www.duwun.com.mm/sports/epl/-id6831787.html

No comments:

Post a Comment