
ရီးရဲလ် မက်ဒရစ် စတား ခရစ္စတီယာနို ရော်နယ်ဒိုက စပိန် အစိုးရ ထံ အခွန်ငွေ ဒေါ်လာ သန်းနဲ့ ချီပြီး ပေးဆောင်ခြင်း မပြုဘဲ အခွန် ရှောင်တိမ်း ခဲ့ကြောင်း စပိန် စုံစမ်းစစ် ဆေးရေး မှူးတွေက ပြောပါတယ်။
မက်ဒရစ်မြို့ရှိ စုံစမ်း စစ်ဆေးရေး မှူးရုံးက ရော်နယ်ဒိုကို အခွန် တိမ်းရှောင်မှုဖြင့် တရား စွဲဆိုခဲ့ တယ်လို့ သိရ ပါတယ်။
ရော်နယ်ဒိုဟာ စပိန်အစိုးရထံ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အခွန်ငွေ အမေရိကန်ဒေါ်လာ ၁၆ သန်းကို ပေးဆောင်ခြင်း မပြုဘဲ တိမ်းရှောင် ခဲ့ကြောင်း စွပ်စွဲခံ ထားရ ပါတယ်။ ရော်နယ်ဒိုဟာ ၎င်းရဲ့ ပုံရိပ် အသုံးပြုမှု ကနေ ရရှိလာတဲ့ ဝင်ငွေကို ထိမ်ချန် ထားရန် အတွက် စီစဉ် လုပ်ဆောင် ခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ လုပ်ခ လစာ အများဆုံး ကစား သမား ရော်နယ်ဒိုက ၎င်းအနေနဲ့ အခွန်ကိစ္စ စုံစမ်း စစ်ဆေးမှုတွေကို မစိုးရိမ်ကြောင်းနဲ့ ဖုံးကွယ် ထားစရာ ဘာမှမရှိကြောင်း အစောပိုင်းမှာ ပြောကြား ထားခဲ့ပါတယ်။
ယမန်နှစ် ဒီဇင်ဘာလ အတွင်း ပေါက်ကြား ခဲ့တဲ့ စာရွက် စာတမ်းတွေ အရ ရော်နယ်ဒိုဟာ နိုင်ငံ ရပ်ခြားမှာ ဘဏ် အကောင့်များ ဖွင့်ကာ ၎င်းရဲ့ဝင်ငွေ အပေါ် အခွန် တိမ်းရှောင် ခဲ့တယ်လို့ သိရ ပါတယ်။ ရော်နယ်ဒို ကတော့ အခွန် တိမ်းရှောင်တဲ့ စွပ်စွဲမှုတွေကို ငြင်းဆို ထားခဲ့ ပါတယ်။
Forbes မဂ္ဂဇင်းရဲ့ စာရင်းတွေ အရ ရော်နယ်ဒိုဟာ ကမ္ဘာ့လုပ်ခလစာ အများဆုံး အားကစားသမား အဖြစ် ၂ နှစ်ဆက်တိုက် ရပ်တည် ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်မှာ လုပ်ခလစာ၊ အပိုဆုကြေးနဲ့ အခြားဝင်ငွေ အရပ်ရပ်မှ အမေရိကန် ဒေါ်လာ ၉၃ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP
From : Duwun by KJ
Originally published at - http://www.duwun.com.mm/sports/-id6830564.html
No comments:
Post a Comment