မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 7, 2017

ရှော်ကေး နောက်ခံ ကစားသမား ကိုလာစီနက်ကို အာဆင်နယ် ခေါ်ယူ




အာဆင်နယ် အသင်းဟာ ရှော်ကေး ဘယ်နောက်ခံ ကစားသမား ကိုလာ စီနက်ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူ လိုက်ပါတယ်။

အသက် ၂၃ နှစ်ရှိ ဘော့စနီးယား လက်ရွေးစင် ကိုလာ စီနက်ကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ သဘော တူညီမှု ရရှိထား တာဖြစ်ပြီး ဇွန်လ ၆ ရက်နေ့မှာ အသင်းကို တရားဝင် ရောက်ရှိ လာမှာပါ။

ဂျာမနီလူငယ်လက်ရွေးစင်အသင်းတွေမှာ ကစားဖူးတဲ့ ကိုလာစီနက်ကို ချဲလ်ဆီး၊ မန်စီးတီး၊ ဂျူဗင်တပ်၊ အေစီမီလန်နဲ့ တခြားအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။

ကိုလာစီနက်ဟာ ဘယ်နောက်ခံကစားသမားတဦးဖြစ်ပြီး နောက်ခံဗဟိုနေရာနဲ့ ကွင်းလယ်ခံစစ်နေရာတွေမှာလည်း ကစားနိုင်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ကိုလာစီနက်ကို နှစ်ရှည်စာချုပ် ချုပ်ဆိုတယ်လို့ ဖော်ပြထားပြီး နှစ်အတိအကျကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

ဓာတ်ပုံ - Getty Images

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/210982

No comments:

Post a Comment